Browsing Category
လူ့အခွင့်အရေး
348 posts
မူဆယ်မှာ BP(စာအုပ်နီ)ရက်လွန်သူတွေကို လဝကဝန်ထမ်းတွေက ငွေအဆမတန်တောင်းနေ
တရုတ် – မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့ နန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက်တွေမှာ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP)စာအုပ်အနီ ရက်လွန်သူတွေကို မတရားဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့(မကဖ ၅)လဝကဝန်ထမ်းတွေက ရက်လွန်ကြေးအဆမတန်တောင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
လေကြောင်းဗုံးကြဲလို့ မိဘ၂ဦးလုံး သေဆုံးပြီး ထိခိုက်ဒဏ်ရာရထားတဲ့ ဗန်းမော်မြို့နယ် ထီးလင်း ကောင်ဂျာရွာက လသားအရွယ်ကလေးငယ် နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ထီးလင်း ကောင်ဂျာရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရထားတဲ့ လသားအရွယ်ကလေးငယ်ဟာ နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဓမ္မပြုကျင့်ခံရပြီး သတ်ခံရတဲ့ PDF ရဲမေအတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ NUG ကို မိသားစုဝင်တွေ တောင်းဆို
အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာနဲ့ပတ်သတ်ပြီး အမှုမှန် ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။
ဖားကန့်မှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ မဲရုံတွေ ပိတ်လိုက်ရပြီး ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့မှာ ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ အတွင်း မြို့ပေါ်က မဲရုံတွေ ပိတ်လိုက်ရတဲ့ အနေအထားရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကောလင်းမြို့နယ်က ရှမ်းကုန်းရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အရှေ့ဘက်ခြမ်းက ရှမ်းကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။