ရန်ကုန်မှာ ကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းမိ၊ AA နဲ့ SSPP ဗိုလ်မှူးနှစ်ဦး ပါဝင်ဆက်စပ်နေတယ်လို့ စစ်ကောင်စီ ထုတ်ပြန်
ရန်ကုန်တိုင်း ရွှေပြည်သာနဲ့ ကွမ်းခြံကုန်းမြို့နယ်မှာ ရခိုင်ပြည်နယ်နဲ့မလေးရှား ရေပိုင်နက်ဘက် ပို့ဆောင်မယ့် ကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ မူးယစ်တပ်ဖွဲ့က မနေ့ ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။