နမ္မတီး ကဆုန်ရွာမှာ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်လို့ အမျိုးသမီးငယ် ၁ဦး ထိမှန်သေဆုံး
ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့အနီးရှိ ကဆုန်ရွာထဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ အမျိုးသမီးငယ် ၁ ဦး ဖြစ်တဲ့ မရွယ်ဂျာဆိုသူကို ထိမှန်သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။