နမ္မတူမြို့ထဲ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်၊ ကျောက်မဲကနေ စစ်ရှောင်လာသူအပါအဝင် ၃ ဦး သေဆုံးပြီး ကလေးအပါအဝင် ၇ ဦး ဒဏ်ရာရ
တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ ရပ်ကွက် ၈ ကို စစ်ကောင်စီတပ်က ဒီနေ့မနက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၃ ယောက် ထိမှန်သေဆုံးခဲ့ကာ ကလေးအပါအဝင် ၇ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
သရက်ချောင်းမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး
တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။
ခေဲင်ကီုင်းမာဝ်းဝံင်းနီန် တံပ်ဆီုက်ကညာအာဏာဆီုက်ဇေဝ်ကဲ ဂီုည်ပဲန်ကရဲင်ပ္လေါည်ကတီုက်ကပဲင်
ဘိူန်းအယ်နံပ် ဒီထိုးဟာဝ်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ခေဲင်ကီုင်းမာဝ်း ရီမ်းပြောခိုမုန်နီန် တံပ်ကညာအာဏာဆီုက်ဇေဝ် ကာည်း တံပ်ဆီုက်တအာင်း TNLA ကဲပဲန်ကရဲင်ဖါ်ႈ ပ္လေါည်ကတီုက်ကပဴင်နီန် ခေဲင်ကီုင်းမာဝ်းႎံင်းဒီေပန်ခ္လနီန် ဂီုည်မိုႈလိူည် TNLA ကဲ ထိင်ခြဲအောႏ။
လားရှိုးမှာ မဲစာရင်း လာမကြည့်လို့ဆိုပြီး ရပ်ကွက်က လူတွေကို ရဲစခန်းအထိခေါ်ကာ ပါးရိုက်ပြီး ဒဏ်ငွေပေးဆောင်ခိုင်းတာတွေ ရှိနေ
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ရွေးကောက်ပွဲအတွက် မဲစာရင်း လာမကြည့်တဲ့ သူတွေကို ရဲစခန်းထိခေါ်ကာ ပါးရိုက်ပြီး ဒဏ်ငွေပေးဆောင်ခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဖန်ခါးဇင်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံး
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဖန်ခါးဇင်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ရေဦးမြို့နယ်အနောက်ခြမ်း သတင်းတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရွှေဖီမြေကိုပြောပါတယ်။