ဟားခါးနယ်ထဲက စာသင်ကျောင်တစ်ခုကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လို့ အသက် ၇နှစ်အရွယ် ကျောင်းသားနှစ်ဦး သေဆုံး၊ ဆရာမအပါအဝင် ၅ဦး ဒဏ်ရာရ
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လို့ ကျောင်းသားနှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စဉ့်ကူးမှာ Starlink ဖွင့်တဲ့အိမ်နဲ့ ကျင့်ဝတ်နဲ့အညီ မဆောင်ရွက်တဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူဆောင်ရွက်မယ်လို့ MDY PDF ထုတ်ပြန်
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – MDY (PDF) စိုးမိုးနယ်မြေဖြစ်တဲ့ စဉ့်ကူးမြို့နယ်အတွင်းမှာ Starlink အင်တာနက်ကို စည်းမျဉ်းစည်းကမ်းနဲ့အညီ အသုံးမပြုတဲ့ နေအိမ်နဲ့ ကျင့်ဝတ်ကို လိုက်နာမှုမရှိတဲ့ တပ်ဖွဲ့ဝင်တွေကို အလေးထားအရေးယူဆောင်ရွက်သွားမယ်လို့ MDY PDF က ထုတ်ပြန်ခဲ့ပါတယ်။
တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပျောႈဟာဝ်းပ္လေဘျုင် ပရဝ်ကဒေါဆံင်း လှံင်မာဝ်းႎံင်း၊ ကဲဒါႈအ်ုန်ဇောႈ ရီမ်းပြောတံပ် SSPP ကဲ
ဖုင်ယဲဆျှိုည်ဖီမျေ တခေါရ်နံပ် မိုႈတ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပျောႈဟာဝ်းဖါ်ႈပ္လေဘျုင် ပရဝ်ကဒေါဆံင်း အ်ုန်အီဂေါည်ခေဲင်လှံင်မာဝ်းႎံင်းနီန် ကဲဒါႈပ္လေဒီန် ဇောႈကဒူႈဟာဝ်း ရီမ်းတံပ် တံပ်ဆီုက်ဆျှံမ် – SSPP ကဲအောႏ။
လားရှိုးမှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် လူထုအများစု စိတ်မဝင်စား
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မဲဆန္ဒရှင်တွေကို မဲစာရင်းလာကြည့်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြောနေပေမယ့် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် လူထုအများစု စိတ်မဝင်စားကြဘူးလို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မန္တလေး-မိုးကုတ်လမ်းနဲ့ မိုးကုတ်-သပိတ်ကျင်းလမ်းခွဲ ဖော့တော့လမ်းဆုံအနီး တိုက်ပွဲပြင်းထန်နေ
မန္တလေး-မိုးကုတ်လမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မန္တလေးမိုးကုတ်လမ်းနဲ့ မိုးကုတ်-သပိတ်ကျင်းလမ်းခွဲ သပိတ်ကျင်းမြို့နယ် ဖော့တော့လမ်းဆုံအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တချို့က ရွှေဖီမြေကို ပြောပါတယ်။