ဗန်းမော် မြို့သိမ်းတိုက်ပွဲ ၃ လကျော် ကြာတဲ့အထိ ဆက်လက် ပြင်းထန်နေ
တိုက်ပွဲ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂၁ တပ်ကို KIA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲလည်း ဆက်လက် ပြင်းထန်နေတယ်လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။
TNLA နဲ့ KIA ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကို နှစ်ဖက်တပ်အပြင် ရှမ်းမြောက်က လူထုနဲ့ပါ တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ KIA ပြော
တအာင်းတပ်မတော်- TNLAနဲ့ ကချင်တပ်မတော်- KIA တို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေ အငြင်းပွားမှုကို နှစ်ဖက်တပ်အပြင် ရှမ်းမြောက်က လူထုနဲ့ပါ တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။
တမူးမြို့နယ် ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းဖို့ အိန္ဒိယလွှတ်တော်မှာ အဆို တင်သွင်းထား
အိန္ဒိယ-မြန်မာနယ်စပ် ချင်းလူမျိုးတွေနေထိုင်တဲ့ တမူးမြို့နယ် ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည် သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းပေးဖို့ မဏိပူရ်ပြည်နယ်အမတ်က အိန္ဒိယ လွှတ်တော်မှာ အဆို တင်သွင်းထားပါတယ်။
အပတ်စဉ်စနေနေ့တိုင်းမှာ ထုတ်လွှင့်တင်ဆက်ပေးနေကြ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ်ကနေ ကြိုဆိုပါတယ်။ တစ်ပတ်အတွင်း တအာင်းဒေသနဲ့ ရှမ်းမြောက်သတင်းတွေထဲက တချို့ကို ကောက်နုတ်တင်ဆက်ပေးထားပါတယ်။
သတင်းတွေကတော့
~ ကွတ်ခိုင်နယ် မုံးစီးဖက်မှာ ကိုးကန့်နဲ့ ကချင်တပ်တို့က ရွှေတူးဖော်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားများရန်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်လို့ KIA တပ်သား၂ ဦးနဲ့ ဒေသခံ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရတဲ့သတင်း
ဝမ်းရေးအတွက် စစ်လက်နက် အကြွင်းအကျန် ရှာဖွေရောင်းချရင်း မြေမြှုပ်မိုင်း နင်းမိပြီး ခြေတစ်ဖက် ဖြတ်လိုက်ရတဲ့ ကလေးငယ်
တစ်ဟုန်ထိုး မြှင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ စစ်လက်နက်အကြွင်းအကျန် ရှာဖွေပြီး ရောင်းချမှုက ဈေးကွက်တစ်ခု ဖြစ်နေပါတယ်။