တန့်ယန်းမှာ ကျားဖြန်လုပ်ကိုင်သူ ၁၆ဝ ကျော် ဖမ်းဆီးရမိ၊ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ သက်ဆိုင်ရာနိုင်ငံထံ လွှဲပြောင်းပေးမယ်လို့ စစ်ကောင်စီပြော
စစ်ကောင်စီနဲ့ “ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ ကျားဖြန်လုပ်ကိုင်သူ ၁၆၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မနေ့ မတ်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
တောင်းခမ်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အဆိပ်ငွေ့လို့ ယူဆရတဲ့ဗုံး စစ်ကောင်စီတပ် အသုံးပြုတိုက်ခိုက်
ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်-TNLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အဆိပ်ငွေ့လို့ ယူဆရတဲ့ ဗုံးတွေကို စစ်တပ်က အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ရှမ်းပြည်တော်လှန်ရေးနဲ့ PNF မှာ ပါဝင်ခဲ့တဲ့ ရဲဘော်ဟောင်းတွေကို PSLF/TNLA က ဂုဏ်ပြုချီးမြှင့်
၁၉၅၈ ခုနှစ်မှာ စတင်ခဲ့တဲ့ ရှမ်းပြည်တော်လှန်ရေးနဲ့ ၁၉၆၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ပလောင်အမျိုးသားတပ်ဦး- PNF မှာ ပါဝင်ခဲ့တဲ့ ရဲဘော်ဟောင်းတွေကို တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားကိုယ်တိုင် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်လာပါတယ်။