နောင်ချိုမြို့ကို လေကြောင်းကနေ ဗုံးကြဲလို့ ကိုရင်(၈)ပါး၊ ဦးဇင်း(၁)ပါး၊ အမျိုးသမီး(၃)ဦးနဲ့ အမျိုးသား (၂)ဦး စုစုပေါင်း ၁၄ ဦး သေဆုံး
တအာင်းတပ်(PSLF/TNLA)ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကိုရင် ၈ ပါး နဲ့ ဦးဇင်း ၁ပါး အပါအဝင် စုစုပေါင်း ဒေသခံ ၁၄ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းဗုံးကြောင့် နောင်ချိုမြို့နယ်က အမျိုးသမီး ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ယာပြင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
နောင်ချိုမြို့နယ်က စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးတွေ ဆက်လက်အသုံးပြုပြီး တိုက်ခိုက်နေ
စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့တွေ ဆက်လက်အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။