လောက်ကိုင်ဘက် အလုပ် သွားလုပ်တဲ့ နမ့်ဆန် ဇယ်တုန်ဟုန်းရွာက အမျိုးသမီးတစ်ဦး ၁ နှစ်ကျော် ကြာတဲ့အထိ အဆက်အသွယ် ပြတ်တောက်နေ

ကိုးကန့်ဒေသ လောက်ကိုင်ဘက် အလုပ် သွားလုပ်တဲ့ တအာင်းဒေသ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းရွာက အသက် ၃၀ ကျော်အရွယ် မဝင်းကြည်ဆိုသူ အမျိုးသမီးဟာ ၁ နှစ်ကျော် ကြာတဲ့အထိ အဆက်အသွယ် ပြတ်တောက်နေပါတယ်။

မန္တလေးမှာ ထောက်ပံ့ကြေး မက်လုံးပေးပြီး စစ်ဘေးရှောင် ဦးရေစာရင်းကို စစ်ကောင်စီက ကောက်ယူနေ

မန္တလေးမြို့ပေါ်မှာ ထောက်ပံ့ကြေးပေးမယ်ဆိုတဲ့ မက်လုံးနဲ့ အနယ်နယ်အရပ်ရပ်က ရောက်ရှိနေတဲ့ စစ်ဘေးရှောင် လူဦးရေစာရင်းကို စစ်ကောင်စီက ကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံးခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖားကန့် နမ့်မှော်ရွာမှာ နွံကန်ပေါက်ရာကနေ နေအိမ် ၅၀ ကျော် နွံမြုပ်

ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ရွာမှာ ဒီနေ့ မတ်လ ၂၁ ရက် မနက် ၈ နာရီဝန်းကျင်လောက်မှာ နွံကန်ပေါက်ရာကနေ နမ့်မှော်ရွာက နေအိမ်တချို့ နွံမြုပ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မြန်မာ့ပြည်တွင်းရေးအပေါ် တရုတ်အစိုးရရဲ့ ဝင်ရောက်စွတ်ဖက်မှုကို ဆန့်ကျင်ကြောင်း လားရှိုးဒေသခံတွေ ဆန္ဒပြ

ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မြန်မာ့ပြည်တွင်းရေးအပေါ် ဝင်ရောက်စွတ်ဖက်မှု လုပ်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ပြောက်ကြားလှုပ်ရှားမှုသပိတ်တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်မှာ စစ်ကျန်ဗုံးသီးပေါက်ကွဲပြီး ကလေး ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှာ စစ်ကျန် ဗုံးသီးပေါက်ကွဲလို့ ကလေးတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငွေတောင်းကြမ်းနေတဲ့ တန့်ယန်းမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်က အုပ်ချုပ်ရေးမှူးတွေဟာ ဒေသခံလူထုအပေါ် အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းကြမ်းနေကြပါတယ်။

နောင်ချို ဘုန်းကြီးကျောင်းမှာ TNLA စခန်းချ နေထိုင်တာကြောင့် ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအမှား

ရှမ်းမြောက် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ တအာင်းတပ်မတော်- TNLA က ဘုန်းကြီးကျောင်းထဲ ဝင်ရောက်စခန်းချ နေထိုင်တာကြောင့် စစ်ကောင်စီတပ်က အခုလို ဗုံးကြဲရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ လက်နက်ကြီး‌ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီး ၁ ဦး ဒဏ်ရာရ ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုနွေဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ ဆိုင်ကယ်လိုက်ခိုးနေတဲ့ အမျိုးသားတစ်ဦးကို ပြည်သူ့စစ်အဖွဲ့က ပစ်ခတ်လို့ ပြင်းထန်ဒဏ်ရာရ

နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ ဆိုင်ကယ်လိုက်ခိုးနေတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ မူဆယ်မြို့ ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။