တွင်းငယ်ရွာကနေ TNLA တည်ရှိရာကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေ၊ TNLA က တပ်စခန်းတချို့ ပြန်လည်လက်လွတ်ခဲ့ရ
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာကနေ တအာင်းတပ်မတော် TNLA တည်ရှိရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တအာင်းတပ်ရဲ့ တပ်စခန်းတချို့ ပြန်လည်လက်လွတ်ခဲ့ရတာရှိတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
နမ္မတူမှာ သက်တမ်းကုန်တဲ့ စားသောက်ကုန်၊ ဆေးဝါးနဲ့ အလှကုန်တွေကို မြို့နယ် ပြန်လည်ထူထောင်ရေး ကော်မတီက လိုက်လံစစ်ဆေး
တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့ မြို့မဈေးထဲမှာ သက်တမ်းကုန်တဲ့ စားသောက်ကုန်၊ အလှကုန်နဲ့ ဆေးဝါးတွေကို မြို့နယ် ပြန်လည်ထူထောင်ရေး ကော်မတီက ဒီနေ့ မတ်လ ၂၁ ရက် မနက်ပိုင်းမှာ လိုက်လံစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
မင်းလှမြို့က စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင် PDF က လာရောက်တိုက်ခိုက်ရာ စစ်သား ၈ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းရွာအနီး ရန်ကုန်-ပြည် ကားလမ်းဘေးမှာ အထိုင်ချ တပ်ဆွဲထားတဲ့ စစ်ကောင်စီဂိတ်ကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၂) က ရဲဘော်တွေ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၈ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။