မုံရွာ နမခ ဌာနချုပ်ကို BWM နဲ့ မဟာမိတ်ပူးပေါင်းတပ်က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်၊ စစ်သား ၉ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို BWM နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၉ ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာ ရခဲ့တယ်လို့ BWM က ဒီနေ့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေး ရံပုံငွေနဲ့အတူ စစ်ကောင်စီထံ ပူးပေါင်းသွားတဲ့ PDF ရဲဘော် သတ်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ တော်လှန်ရေး ရံပုံငွေနဲ့အတူ စစ်ကောင်စီထံ ပူးပေါင်းသွားတဲ့ PDF ရဲဘော်တစ်ဦး အချင်းချင်း လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ကလေးမြို့နယ်အခြေစိုက် PDF ရဲဘော် နဲ့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မန္တလေးက ရပ်ကွက်အများစုမှာ စစ်မှုထမ်းဖို့ အတင်းအကြပ် မဲနှိုက်ခိုင်း

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အများစုမှာ ဒီနေ့မနက်ပိုင်းကစပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၂ တက်ရောက်ဖို့အတွက် အတင်းအကြပ် မဲနှိုက်ခိုင်းတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းရှူးမြို့နယ်ထဲ ရောက်နေတဲ့ ကျားဖျန့် ငွေလိမ်ဂိုဏ်းကို SSPP က ဖမ်းဆီး၊ တရုတ်နိုင်ငံသားတွေကို ပြန်ပို့မယ်လို့ဆို

ရှမ်းတောင် မိုင်းရှူးမြို့နယ်ထဲ ရောက်ရှိလာတဲ့ ကျားဖျန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ရှမ်းတပ်မတော်- SSPP/SSA က ဖမ်းဆီးခဲ့ပါတယ်။

ဖယ်ခုံက ဘုန်းကြီးနဲ့ဒကာဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ ပျားစစ်ကြောင်းရဲ့ လက်နက်ကို ဒေသတွင်း တာဝန်ရှိသူ ထိန်းသိမ်းထားဖို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေ တောင်းဆို

ရှမ်းတောင် ဖယ်ခုံမြို့နယ် အုံတိုင်းရွာ ရွှေဓမ္မရောင်ခြည် သျှမ်းကျောင်းဆရာတော် ဦးဓမ္မသာရခေါ် ဦးပဉ္ဇင်းပိန်နဲ့ ဒကာ စိုင်းပီးတို့ကို သတ်ဖြတ်ခဲ့တဲ့ ပျားစစ်ကြောင်းရဲ့ လက်နက်ကို အမှုမှန် မပေါ်ပေါက်မချင်း ဒေသတွင်း တာဝန်ရှိသူတွေ ထိန်းသိမ်းထားဖို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေက မနေ့ မတ်လ ၂၃ ရက်မှာ တောင်းဆိုထားပါတယ်။

လားရှိုးမြို့ရှိ KTV၊ အနှိပ်ခန်းမှာ အလုပ် လုပ်‌နေသူတွေကို ကာကွယ်ဆေး ထိုးပေးနေ

ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာရှိ‌တဲ့ KTV နဲ့ အနှိပ်ခန်းမှာ အလုပ် လုပ်နေတဲ့ ဝန်ထမ်းတွေကို ကိုးကန့်တပ်ရဲ့ ကျန်းမာရေးဌာနက ကာကွယ်ဆေး ထိုးပေးနေပါတယ်။

၁၀၂၇ စစ်ဆင်ရေး နောက်ကွယ်က ပေးဆပ်မှုများ

နမ့်ခမ်းမြို့နယ် မန်ကန်ရွာက မိုင်းအမောင်နဲ့ ဖဒဲန်ရွာက မိုင်းညီမာဝ်းတို့ဟာ မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သူတွေ ဖြစ်ပါတယ်။

နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာတချို့မှာ မိုးသီး ရွာချမှုကြောင့် နေအိမ် ရာနဲ့ချီ ပျက်စီး

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာတချို့မှာ မိုးနဲ့အတူ မိုးသီး ရွာချတာကြောင့် နေအိမ် ရာနဲ့ချီ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မှာ အလုပ်သွားလုပ်တဲ့ နမ့်ခမ်းက အမျိုးသမီးငယ်တစ်ဦး ၂ လ ကြာတဲ့အထိ ပျောက်ဆုံးနေ

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးအုပ်စု ပန်ကနိုင်းရွာမှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးဟာ မူဆယ်မြို့မှာ အလုပ်သွားလုပ်ရာကနေ ၂ လ ကြာတဲ့အထိ အဆက်အသွယ် ပြတ်တောက်သွားတယ်လို့ မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။

လူထုတွေကို စစ်ဆေးရေး လုပ်နေတဲ့ စစ်ကောင်စီ တပ်သား‌ကို ရေဦးမြို့နယ် PDF က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်၊ စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ရေဦးမြို့ ရွှေပြည်သာရပ်ကွက် ဓမ္မာရုံရှေ့ လမ်းသွားလမ်းလာ ဒေသခံတွေကို စစ်ဆေးရေး ပြုလုပ်နေတဲ့ စစ်ကောင်စီ တပ်သားကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။