ပျော်ဘွယ်မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ အလောင်း ၁၆၀ ကျော် တွေ့ရှိထား၊ ဒဏ်ရာရသူ ၁၁၀ ကျော်ရှိ

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများတဲ့ မန္တလေးတိုင်းထဲက ပျော်ဘွယ်မြို့နယ်မှာ သေဆုံးသူ အလောင်း ၁၆၀ ကျော် တွေ့ရှိထားပြီး ဒဏ်ရာရသူ ၁၁၆ ဦး ရှိတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့အနီး ခေးနင်းရွာမှာ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ဖခင်ကို သတ်ပြီး ကားကို ယူဆောင်သွား၊ တရားခံကို ဖမ်းပေးဖို့ မိသားစုဝင် တောင်းဆို

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့အနီးရှိ ခေးနင်းကျေးရွာမှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ဖခင်ဖြစ်သူ သတ်ခံခဲ့ရတယ်လို့ မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။

အင်းလေးဒေသမှာ ငလျင်ကြောင့် သေဆုံးသူရဲ့ အလောင်းတွေကို မီးသဂြိုလ်ပေး၊ အဆောက်အဦး ပိမိပြီး ကယ်ထုတ်မရတဲ့သူတွေ ရှိနေဆဲ

ရှမ်းတောင် အင်းလေးဒေသ ညောင်ရွှေမြို့နယ်ထဲ ငလျင်ကြောင့် သေဆုံးသူရဲ့ အလောင်းတွေကို မီးသဂြိုလ်ပေးနေပြီး အဆောက်အဦး ပိမိပြီး ကယ်ထုတ်မရတဲ့သူ ထပ်ရှိနေတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ တောင်းခမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး TNLA ထံ လက်နက်ချ အလင်းဝင်

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး TNLA ထံ လက်နက်ချ အလင်းဝင်လာတယ်လို့ TNLA က ဒီနေ့ မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

မန္တလေးမြို့တစ်ခုလုံး ငလျင်ဒဏ် ခံနေရချိန် စစ်ကောင်စီတပ်က မဟာအောင်မြေမြို့နယ်မှာ စစ်မှုထမ်းဖို့ မဲပေါက်သူတွေကိုလိုက်လံ ခေါ်ယူနေ

မန္တလေးမြို့တစ်ခုလုံး ငလျင်ဒဏ် ခံနေရချိန် မဟာအောင်မြေမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ လူငယ်တွေကို လိုက်လံ ခေါ်ယူနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ဒဏ် ခံစားနေရတဲ့ လူထုတွေကို အရေးပေါ် ကူညီကယ်ဆယ်နိုင်ဖို့ ထိုးစစ် ခေတ္တရပ်ထားမယ်လို့ NUG ထုတ်ပြန်

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးတဲ့ နေအိမ်၊ အဆောက်အဦးမှာ ပိတ်မိနေတဲ့ လူထုတွေကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်ဘေးသင့်တဲ့ဒေသမှာ မတ်လ ၃၀ ရက်ကစပြီး ၂ ပတ် ကြာတဲ့အထိ ထိုးစစ် ခေတ္တရပ်ထားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ထုတ်ပြန်လာပါတယ်။

ငလျင်ဘေးသင့် လူထုတွေကို ညီအစ်ကိုစိတ်ရင်းအပြည့်နဲ့ ကူညီသွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပြော

မနေ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့တဲ့ လူထုတွေကို ညီအစ်ကို စိတ်ရင်းအပြည့်နဲ့ ကူညီသွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ်- TNLA၊ ကိုးကန့်တပ်- MNDAA နဲ့ အာရက္ခတပ်တော်- AA က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

အင်းလေးဒေသ ရေပေါ်ရွာတွေမှာ ငလျင်ဘေးဒဏ် အဆိုးဆုံးခံရ၊ သေဆုံးသူ အလောင်း ၆၀ နီးပါး တွေ့ရှိထား

ရှမ်းတောင် အင်းလေးဒေသ ညောင်ရွှေမြို့နယ် နန်းပန်မြို့မှာ ငလျင်ဘေးဒဏ်အဆိုးဆုံး ခံနေရပြီး သေဆုံးသူ အလောင်း ၆၀ နီးပါး တွေ့ရှိထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

လူသားချင်း စာနာထောက်ထားမှုအနေနဲ့ လားရှိုးမှာ ကျင်းပမယ့် သင်္ကြန်ပွဲတော်အပါအဝင် ဘယ်ပွဲတော်မှ မကျင်းပဖို့ MNDAA ဗဟို ထုတ်ပြန်

တစ်နိုင်ငံလုံး ငလျင်ဘေးဒဏ် ခံနေရချိန်မှာ လူသားချင်း စာနာထောက်ထားမှုထားပြီး လားရှိုးမြို့မှာ ကျင်းပမယ့် သင်္ကြန်ပွဲတော်နဲ့ တခြားပျော်ပွဲရွှင်ပွဲတွေ မကျင်းပဖို့ ကိုးကန့်တပ်မတော်- MNDAA က ဒီနေ့ တရားဝင်စာ ထုတ်ပြန်လာပါတယ်။

အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦး ငလျင် လှုပ်ခတ်မှုကြောင့် ပိတ်မိနေသူ ၄၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့၊ သေဆုံးသူ ၉ ဦးရဲ့ အလောင်း တွေ့ရှိထား

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦးမှာ ငလျင်လှုပ်ခတ်မှုကြောင့် ပိတ်မိနေသူ ၄၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၉ ဦးရဲ့အလောင်း တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။