ကွတ်ခိုင်မြို့ထဲက အလှူခံမဏ္ဍပ်မှာ MNDAA နဲ့ TNLA တပ်ဖွဲ့ဝင် ထိုးကြိတ်မှုဖြစ်၊ နှစ်ဖက်ခေါင်းဆောင်တွေ ဖြေရှင်းနေ

ရှမ်းမြောက် ကွတ်ခိုင်မြို့က အလှူခံမဏ္ဍပ်မှာ ကိုးကန့်တပ်- MNDAA နဲ့ တအာင်းတပ်- TNLA တပ်ဖွဲ့ဝင်တို့အကြား ထိုးကြိတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာ နှစ်ဖက်ခေါင်းဆောင်တွေက ဖြေရှင်းနေကြပြီဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဂျဲယန် စစ်‌ရှောင်စခန်းက ကျောင်းသူ ၃ ယောက်ကို ပြန်ပေးဆွဲပြီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ တရားခံကို သေဒဏ် ချမှတ်

ကချင်ပြည်နယ် လိုင်ဇာအနီး ဂျဲယန် စစ်‌ရှောင်စခန်းက ကျောင်းသူ ၃ ယောက်ကို ပြန်ပေးဆွဲပြီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ တရားခံကို မတ်လ ၂၉ ရက်က သေဒဏ် ချမှတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ငလျင်ကြောင့် အမရပူရမြို့နယ်က ဗလီပြိုကျမှုအတွင်း သေဆုံးသူအလောင်း ၃၀၀ ထုတ်ယူနိုင်၊ ကူညီကယ်‌ဆယ်ရေးတွေ လိုအပ်နေဆဲ

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးကျေးရွာမှာ မြေငလျင်ကြောင့် ဗလီပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူရဲ့အလောင်း ၃၀၀ ကို ထုတ်ယူနိုင်ခဲ့ပေမဲ့ မထုတ်နိုင်သေးတဲ့ ရုပ်အလောင်းတွေ ကျန်ရှိနေပြီး အဲနေရာမှာ လက်ရှိအချိန်ထိ လူမှုကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ ဗုံးအိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဟိုတယ်အောင်ပန်း ပြိုကျမှုအတွင်း ပျောက်ဆုံးနေသူကို ဆက်လက် ရှာဖွေ၊ အသက်ရှင်နိုင်ခြေ နည်းကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေ ပြော

ရှမ်းတောင် ကလောမြို့နယ် အောင်ပန်းမြို့က ဟိုတယ်အောင်ပန်း ပြိုကျမှုအတွင်း ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေပြီး ပျောက်ဆုံးနေသူတွေလည်း အသက်ရှင်နိုင်ခြေ နည်းတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ရွှေဖီမြေကို ပြောပါတယ်။

ပင်လုံမြို့က နေအိမ် မီးလောင်မှုမှာ မိသားစုဝင် ၃ ဦး သေဆုံး

ရှမ်းတောင် ပင်လုံမြို့က သင်္ဃန်းအရောင်းဆိုင်တစ်ခု မီးလောင်ရာကနေ အိမ်ရှင်မိသားစုဝင် ၃ ဦးလည်း သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူ ပင်လုံမြို့နေ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မန္တလေးမှာ ငလျင်ကြောင့် အဆောက်အဦးကြား ပိမိနေသူ ၄၀၀ ကျော်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့

မန္တလေးတိုင်းအတွင်း ငလျင် လှုပ်ခတ်မှုကြောင့် အဆောက်အဦးကြား ပိမိနေသူ ၄၀၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

ငလျင်ဘေးအတွက် တအာင်း CSO က သိန်း ၂၂၀ နဲ့ ကိုးရီးယားရောက် တအာင်းအသင်းက သိန်း ၁၀၀ မတည်၊ မြို့နယ် ၆ ခုမှာ TCSOs က အလှူငွေ ကောက်ခံသွားမယ်

ငလျင်ဘေးသင့်သူ‌တွေအတွက် တအာင်းအရပ်ဖက်အဖွဲ့အစည်း- TCSOs က သိန်း ၂၂၀ နဲ့ ကိုးရီးယားရောက် တအာင်းအသင်းက သိန်း ၁၀၀ မတည်ပြီး မြို့နယ် ၆ ခုမှာ TCSO က အလှူငွေ ကောက်ခံသွားမယ်လို့ ဒီနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ပေါ်တင် ဖွင့်ထားတဲ့ ဂျင်ဝိုင်းအဆောက်အဦး ပြိုကျမှု သေဆုံးသူ ရာနဲ့ချီရှိ

မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ပေါ်တင် ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ဂျင်ဝိုင်းအဆောက်အဦး ပြုကျပျက်စီးမှုမှာ သေဆုံးသူ ရာနဲ့ချီပြီး ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်လို့ ရဟန်းတစ်ပါးနဲ့ အရပ်သားတစ်ဦး သေဆုံး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကုန်ဘွေရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ ရဟန်းတစ်ပါးနဲ့ အရပ်သားတစ်ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေး ငလျင်မှာ တမူးက စစ်ရှောင် ၁၀ ဦးထက်မနည်း သေဆုံးပြီး အများစု အဆက်အသွယ် ပြတ်တောက်နေ

မန္တလေး ငလျင်မှာ စစ်ကိုင်းတိုင်း တမူးမြို့နယ်က စစ်ဘေးရှောင် ၁၀ ဦးထက်မနည်း သေဆုံးပြီး အများစု အဆက်သွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။