စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှု များပြီး ၆ ရက် ကြာတဲ့အထိ ကယ်ဆယ်ရေး မရောက်သေး
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှု များပြီး ၆ ရက် ကြာတဲ့အထိ ကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ မင်းကွန်းတောင်ရိုးရှိ ဘုန်းကြီးတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ ငလျင်ကြောင့် ဝန်ထမ်းအိမ်ယာတွေ ပြိုကျပြီး အလောင်း ထုတ်လို့မရသေးတာကြောင့် အပုတ်နံ့တွေ ဆိုးဆိုးဝါးဝါး ထွက်နေ
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ ငလျင်ကြောင့် ဝန်ထမ်းအိမ်ယာအများစု ပြိုကျပြီး အလောင်းတွေ ထုတ်လို့ မရသေးတာကြောင့် အပုပ်နံ့ ဆိုးဆိုးဝါးဝါး ထွက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
သီပေါ မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသွားတဲ့ အိမ်တွေကို ပရဟိတအဖွဲ့က တစ်အိမ်ထောင်ကို ၄ သိန်းကျော် ထောက်ပံ့
တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် နေအိမ် ထိခိုက်ပျက်စီးသွားတဲ့ ဒေသခံတွေကို လူမှုရေးအဖွဲ့များမှ လှူဒါန်းထားတဲ့ ငွေတွေအသုံးပြုပြီး နှလုံးသား ပရဟိတအဖွဲ့က ၎င်းတို့ကိုယ်စား သွားရောက် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
ငလျင်ဘေးသင့်သူတွေကို ကူညီဖို့လာတဲ့ တရုတ်နိုင်ငံက ကြက်ခြေနီအသင်းရဲ့ ယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ ဝန်ခံ
မြန်မာနိုင်ငံက ငလျင်ဘေးသင့်နေသူတွေကို ကူညီဖို့ ထောက်ပံ့ရေးပစ္စည်း သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ ယာဉ်တန်း ၉ စီးကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်း စစ်ကောင်စီတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံထားပါတယ်။