စစ်ကောင်စီက ရက် ၂၀ ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးနောက် ဝိုင်းမော်မှာ စစ်ကြောင်း ပြန်ထိုးလို့ တိုက်ပွဲ ပြင်းထန်နေ

စစ်ကောင်စီက ရက် ၂၀ ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးနောက် ဝိုင်းမော်အနီး လုမြန်နဲ့ စန်းကားရွာဘက်ရှိ KIA တပ်စခန်းကို ဒီနေ့ ဧပြီ ၃ ရက် မနက်ပိုင်းကစ စစ်တပ်ဘက်က စစ်ကြောင်း ထိုးလာလို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံအပြင် ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ သာစည်နဲ့ ကလောက နေအိမ် ၂ ရာကျော် အကူအညီ မရသေး

ငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ ရှမ်းတောင် ကလောမြို့နယ်က နေအိမ် ၇၄ အိမ်နဲ့ မန္တလေးတိုင်း သာစည်မြို့နယ်က နေအိမ် ၁၀၀ ကျော်အတွက် အကူအညီ မရသေးဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းကိုင်မှာ RCSS က မိုင်းဆွဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ SSPP ပြော

ရှမ်းတောင် မိုင်းကိုင်မြို့နယ်အတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ- RCSS/SSA ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP/SSA က ထုတ်ပြန်ထားပါတယ်။

မန္တလေး အမရပူရမြို့နယ်က သာလေစွရွာမှာ စားသောက်ကုန်နဲ့ သောက်ရေသန့် လိုအပ်နေ

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးရွာရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ သာလေစွရွာမှာ အခြေခံ‌ စားသောက်ကုန်နဲ့ သောက်ရေသန့် လိုအပ်နေတယ်လို့ သာလေစွရွာက ကူညီပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကန်ပက်လက်မြို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၅ လုံးအပါအဝင် အစိုးရအဆောက်အဦး ၂၀ လုံး ပျက်စီး

ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနေအိမ် ၅ လုံးအပါအဝင် အစိုးရအဆောက်အဦး ၂၀ လုံး ပျက်စီးခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် (ပကဖ)က မနေ့ ဧပြီ ၂ ရက်က ထုတ်ပြန်ပါတယ်။

ကချင်တပ်မတော်လည်း ၃ ပတ်ကြာ အပစ်ရပ်၊ အပစ်ရပ်မယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်က အင်းတော်မြို့နယ်ထဲ လေကြောင်းနဲ့ တိုက်ခိုက်နေ

ကချင်တပ်မတော်- KIO/KIA ကလည်း ၃ ပတ်ကြာ အပစ်အခတ် ရပ်စဲမှာဖြစ်ကြောင်း မနေ့ ဧပြီ ၂ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

နေပြည်တော်မှာ ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းတွေ အကူအညီ ကင်းမဲ့နေ

နေပြည်တော်ရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတွေဟာ ငလျင်ဒဏ်သင့်ပြီးတဲ့နောက်ပိုင်းမှာ စားဝတ်နေရေး ခက်ခဲနေပေမဲ့ ကူညီမယ့်သူမရှိ ဖြစ်နေတယ်လို့ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာမှာ နေထိုင်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

အင်းတော်ကို လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား‌ သေဆုံးဒဏ်ရာရသူ ရှိနေ

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲ မနေ့ ဧပြီ ၁ ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သေဆုံးဒဏ်ရာရသူ ရှိ‌နေကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ငလျင်ဒဏ်ကြား လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်နေတဲ့ စစ်ကောင်စီတပ်က လူထုကို စာနာတဲ့အနေနဲ့ဆိုပြီး ရက် ၂ဝ ယာယီ အပစ်ရပ်မယ်လို့ပြော

လေကြောင်း တိုက်ခိုက်မှု နေ့စဉ်နီးပါး လုပ်နေတဲ့ စစ်ကောင်စီတပ်က လူထုတွေကို စာနာတဲ့အနေနဲ့ ရက် ၂ဝ ကြာ ယာယီ အပစ်အခတ် ရပ်စဲမယ်ဆိုပြီး ထုတ်ပြန်လာပါတယ်။

ငလျင်ကြောင့် သေဆုံးခဲ့တဲ့ ကျောက်ဆည် မူကြိုကျောင်းက ကလေး ၂၅ ဦးအပါအဝင် ၂၇ ဦးအတွက် မိသားစုဝင်တွေက အမျှဝေပေး

မန္တလေးတိုင်း ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်မှာရှိတဲ့ Bright Kids မူကြိုကျောင်းမှာ တက်နေကြတဲ့ ကလေး ၂၅ ဦးအပါအဝင် သေဆုံးသွားသူ ၂၇ ဦးအတွက် ကျန်ရစ်သူ မိသားစုဝင်တွေက အမျှဝေ အမိန့်စာပြန်တာတွေ ပြုလုပ်ပေးခဲ့ပါတယ်။