လားရှိုးမြို့ကနေ ကိုးကန့်တပ် ပြန်လည်ဆုတ်ခွာမယ်လို့ဆို၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး စတင်ဝင်ရောက်မှာဖြစ်

ကိုးကန့်တပ်မတော်- MNDAA ဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကနေ ဆုတ်ခွာပြီး စစ်ကောင်စီတပ်ကို ပြန်လည် အုပ်ချုပ်စေမှာ ဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် KNU ထိန်းချုပ်နယ်မြေက ဒေသခံ ၁ ဦး ဒဏ်ရာရ

ကရင်အမျိုးသား အစည်းအရုံး- KNU ထိန်းချုပ်နယ်မြေ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မူး(မုန်း)မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံတစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ KNU က ဒီနေ့ ဧပြီ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အပစ်ရပ်ထားချိန် စစ်ကောင်စီတပ်က တောင်းခမ်းမှာ စစ်အင်အား ဖြည့်တင်းနေသလို ထိုးစစ် ဆင်နေလို့ တိုက်ပွဲ ပြင်းထန်နေ

တအာင်းတပ်မတော်- TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က အပစ်ရပ်ထားချိန် စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာရှိ စစ်တပ်စခန်းတွေမှာ စစ်အင်အား ဖြည့်တင်းနေတယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်လာပါတယ်။

အပစ်ရပ်ဖို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်က သပိတ်ကျင်းမြို့နယ်မှာ မြေပြင်ထိုးစစ်နဲ့ လေကြောင်း တိုက်ခိုက်မှု ဆက်လုပ်နေ

အပစ်ရပ်ဖို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ရွာမှာ မြေပြင်ထိုးစစ် ဆက်လုပ်နေပြီး လေကြောင်း တိုက်ခိုက်မှု ဆက်လုပ်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

ငလျင် လှုပ်ခတ်သွားတဲ့ ဒေသတွေမှာ အီလွန်မတ်စ်ရဲ့ Wi-Fi Free ရနေတယ်ဆိုတဲ့ သတင်းအမှား

ငလျင်ဒဏ်ကို အပြင်းအထန် ခံစားနေရတဲ့ မန္တလေးနဲ့ စစ်ကိုင်းအပါအဝင် တခြားမြို့နယ်တွေအတွက် အီလွန်မတ်စ်က စတားလင့်ခ် Wi-Fi အခမဲ့ ပေးနေပြီး သုံးလို့ ရနေပြီဖြစ်ကြောင်း သတင်းအမှားတွေ ထွက်ပေါ်လာပါတယ်။

အမရပူရမြို့နယ် ကိုယ်ရံတော်ဗလီ ပြိုကျမှုမှာ အလောင်း ၁,၁၀၀ ကျော် ရရှိထားပြီး ရှာဖွေဖို့ ကျန်နေသူ အများစု ကျန်ရှိနေသေး

အမရပူရမြို့နယ် ရတနာ့ဂူ ကိုယ်ရံတော်ဗလီ ပြိုကျမှုမှာ သေဆုံးသူ ရုပ်အလောင်း ၁,၁၀၀ ကျော် ရရှိထားပြီး ရှာဖွေဖို့ ကျန်နေသေးသူတွေလည်း အများစု ကျန်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောမီးကနေတဆင့် ခရိုနီ ဦးတေဇပိုင် ဟိုတယ် မီး ကူးစက်ပြီး လောင်ကျွမ်းပျက်စီး

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ အရှေ့ဘက်ကမ်းမှာ ခရိုနီ ဦးတေဇပိုင်ဆိုင်တဲ့ Myanmar Treasure Resort ဟိုတယ်တစ်ခုလုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဟိုတယ်အနီး နေထိုင်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းကိုင်မှာ SSPP က တပ်သားသစ်စုဆောင်းနေပြီး စစ်မှုထမ်း သွားရမယ့်သူအနေနဲ့ နိုင်ငံခြားမှာဖြစ်စေ သာသနာ့ဘောင်မှာဖြစ်စေ စစ်မှု လာထမ်းရမှာဖြစ်ပြီး လာမထမ်းဆောင်ရင် နေအိမ်တွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်

ရှမ်းတောင် မိုင်းကိုင်မြို့နယ်ရှိ တောင်ပေါ်ကျေးရွာတွေမှာ ရှမ်းပြည်တိုးတက်‌ရေးပါတီ- SSPP က တပ်သားသစ် စုဆောင်းနေပြီး စစ်မှုထမ်း မသွားသူရဲ့ နေအိမ်တွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ် ဆင်ဖြူပေါက်ဂိတ်မှာ လဝက အရာရှိတစ်ဦးက ပစ္စည်းသယ်တဲ့ အမျိုးသမီးတစ်ဦးကို မူးလဲတဲ့အထိ ရိုက်နှက်

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်ဂိတ်မှာ မူဆယ် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)ရဲ့ အရာရှိတစ်ဦးက အသက် ၅၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မူးလဲတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မင်းကွန်းဒေသ ငလျင်ကြောင့် သေဆုံးသူ ၄၀ ကျော် ရှိလာနေပြီး ကယ်ဆယ်ရေးလုပ်ငန်းမှာလည်း ဒေသခံနဲ့ ဘုန်းကြီးတွေသာ ဦးဆောင်ပြီး လုပ်နေရ

စစ်ကိုင်း မင်းကွန်းဒေသ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ အယောက် ၄၀ ကျော် ရှိလာနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဒေသခံနဲ့ ဘုန်းကြီးတွေသာ ဦးဆောင်ပြီး လုပ်ဆောင်ပေးနေရတယ်လို့ မင်းကွန်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။