မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ

ဒီနေ့ ဧပြီ ၅ ရက် နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်မှာ တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နမ့်ခမ်းမှာ ဝါယာကြိုး ရှော့ဖြစ်ရာကနေ နေအိမ်တစ်လုံး မီးလောင်ပြာကျ

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကွန်လုံကျေးရွာမှာ ဝါယာကြိုး ရှော့ဖြစ်ရာကနေ နေအိမ်တစ်လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် အိုးဘိုအကျဥ်းထောင်က နိုင်ငံရေး အကျဥ်းသူ ၆ ဦး သေဆုံး

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်က မန္တလေးမြို့ကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၇ အဆင့် ငလျင် လှုပ်ခတ်မှုကြောင့် အိုးဘိုအကျဥ်းထောင်က အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေး အကျဥ်းသူ ၆ ဦး ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ဒီနေ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လားရှိုး ပြည်သူ့ဆေးရုံ ဧပြီ ၂၀ ရက်မှာ ပိတ်မယ် (Edit-1:30 PM)

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီထံ လွှဲပြောင်းပေးသွားမှာ ဖြစ်တဲ့အတွက် ပုံမှန်လည်ပတ်နေပြီဖြစ်တဲ့ ပြည်သူ့ဆေးရုံကြီးကို လာမယ့် ဧပြီ ၂၀ ရက်မှာ ပိတ်တော့မှာ ဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အပစ်ရပ်မယ်ဆိုတဲ့ စစ်ကောင်စီတပ်က ‎မိုးဗြဲမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ လေကြာင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံး

ရှမ်းတောင် မိုးဗြဲနဲ့ ကရင်နီပြည် လွိုင်ကော်ကြားက ပီကင်းကောခူရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ KNDF က ဒီနေ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

အပတ်စဉ် ဒေသတွင်းသတင်း စုစည်းတင်ဆက်မှု

ရွှေဖီမြေရဲ့ အပတ်စဉ် သောကြာနေ့ သတင်းစုစည်းထုတ်လွှင့်မှု အစီအစဉ်ကနေ ပြန်လည် ကြိုဆိုပါရစေ။ ဒီတစ်ပတ် သတင်းတွေကို လွေးထွေးက စုစည်းတင်ဆက်ပေးသွားပါမယ်။

တွန်းဇံမြို့က CC တပ်စခန်းတွေကို ZRA ဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲ ပြင်းထန်

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့မှာရှိတဲ့ ချင်းလဲန်းကောင်စီ- CC တပ်စခန်းတွေကို ဇိုမီးတော်လှန်ရေးတပ်- ZRA က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ဂူထဲ ပိတ်မိနေတဲ့ သံဃာတော် ၃ ပါးရဲ့ အလောင်းကို ကိုယ်ထူကိုယ်ထ တူးထုတ်နိုင်ခဲ့၊ သောက်သုံးရေနဲ့ အစားအသောက် လိုအပ်နေ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ဂူထဲ ပိတ်မိနေတဲ့ သံဃာတော် ၃ ပါးရဲ့ ရုပ်အလောင်းကို သံဃာတော်နဲ့ ဒေသခံတွေ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ တူးထုတ်နိုင်ခဲ့တယ်လို့ မင်းကွန်းတောင်ရိုးရှိ ဘုန်ကြီးတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။

ဟိုပန်မှာ သင်္ကြန်ပွဲတော် အကြီးအကျယ်ကျင်းပဖို့ ပြင်ဆင်နေ

“ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့မှာ သင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် အကြီးအကျယ် ပြင်ဆင်နေတယ်လို့ ဟိုပန်ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မှာ နေအိမ် ၁ လုံး မီးလောင်

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက်(၅) ရှမ်းဘုန်းကြီးကျောင်းရှိ နေအိမ်တစ်အိမ် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။