ငလျင်ဒဏ်သင့်လူထုတွေ ပြင်ဦးလွင်မြို့သို့ ရောက်လာချိန် အိမ်ခန်းနဲ့ ဟိုတယ်ခ ဈေးတက်

မန္တလေးမှာ ငလျင်ဒဏ်သင့်လို့ အဆောက်အဦး ပြိုကျပျက်စီးတာကြောင့် ပြင်ဦးလွင်မြို့သို့ လာရောက် ခိုလှုံချိန် ပြင်ဦးလွင်ရှိ အိမ်ခန်းနဲ့ ဟိုတယ်တချို့ဟာ ဈေးတက်လာလို့ စျေးကြီး ပေးပြီး တည်းခိုနေရကြောင်း ကိုယ်တိုင် ကြုံတွေ့နေရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမြို့ကနေ ဆုတ်ခွာမယ့် MNDAA က အိမ်ထောင်စုမိတ္တူစာရင်းတွေ လိုက်ကောက်နေလို့ တပ်သားသစ် စုဆောင်းခံရမှာကို ဒေသခံတွေ စိုးရိမ်

ရှမ်းမြောက် လားရှိုးမြို့ကနေ ဆုက်ခွာတော့မယ့် ကိုးကန့်တပ်မတော်- MNDAA ဟာ ရပ်ကွက်တွေထဲက အိမ်ထောင်စုစာရင်းမိတ္တူတွေ အိမ်တိုင်း လိုက်ကောက်နေတာကြောင့် တပ်သားသစ် စုဆောင်းခံရမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် ကွင်းပြင်နဲ့လမ်းဘေးတွေမှာ တဲထိုးပြီး ခိုလှုံနေတဲ့ မန္တလေးဒေသခံတွေ မိုးသက်လေပြင်းဒဏ် ပြန်ခံနေရ

ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ ကွင်းပြင်နဲ့ လမ်းဘေးတွေမှာ တဲထိုးပြီး ခိုလှုံနေတဲ့ ဒေသခံတွေ မိုးသက်လေပြင်းဒဏ် ပြန်ခံနေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တန့်ယန်းမှာ ရွှေဆိုင်ပိုင်ရှင်ရဲ့သား နေအိမ်အနီး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ရွှေ လုယက်ခံရ၊ ရွှေ ၂ ပိဿာ ပါသွား

ဒီနေ့ ဧပြီ ၅ ရက် နေ့လယ် ၃ နာရီကျော်က ရှမ်းမြောက် တန့်ယန်းမြို့ ရပ်ကွက် ၄ ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးရဲ့သား နေအိမ်အနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ရွှေ လုယက်ခံခဲ့ရပါတယ်။

မူဆယ်မှာ ကြံ့ခိုင်ရေးရုံးအနီး ထင်း လာကောက်တဲ့ အမျိုးသားတစ်ဦးကို ပြည်သူ့စစ် အရာရှိတစ်ဦးက ဖမ်းဆီးပြီး အပြင်းအထန် ရိုက်နှက်ခဲ့

တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် အရာရှိတစ်ဦးက ထင်း ကောက်နေတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်နဲ့ TNLA နောင်ချိုနဲ့သပိတ်ကျင်းမှာ တိုက်ပွဲ ဆက်ပြင်းထန်နေ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာနဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

တအာင်းဘာသာနဲ့ အပတ်စဉ် တင်ဆက်ပေးနေတဲ့ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ်ကနေ ပြန်လည် ကြိုဆိုပါတယ်။

ဒီတစ်ပတ်မှာ ကြားရမယ့် သတင်းတွေကတော့ ~ ငလျင်ဒဏ်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ ကျင်းပဖို့ စီစဉ်ထားတဲ့ သင်္ကြန်ပွဲတော်ကို TNLA နဲ့ MNDAA အပါအဝင် မိုင်းလားအဖွဲ့- NDAA တို့က ဖျက်သိမ်းပေမဲ့ စစ်ကောင်စီတပ်ကတော့ သင်္ကြန်ပွဲတော် ကျင်းပဖို့ စီစဉ်နေပါတယ်။

လားရှိုးမှာ အမျိုးသား ၄ ဦးက ဆိုင်တစ်ဆိုင်ကို ဓားပြတိုက်၊ ကားတစ်စီးအပြင် မီးခံသေတ္တာနဲ့ ဖုန်းတွေ ပါသွား

ကိုးကန့်‌တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ဆိုင်တစ်ဆိုင် ဓားပြ ထပ်တိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး အသုံးပြုသူတစ်ဦးကို TNLA က ဖမ်းဆီးသွားပြီး နာရီပိုင်းအတွင်း သေဆုံးသွား

မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုပြီး တအာင်းဒေသ နမ့်ဆန်မြို့နယ် အောက်မန်ငိုင်းရွာက အသက် ၃၇ နှစ်အရွယ် ဦးအစီးဆိုသူကို တအာင်းတပ်- TNLA ရဲ့ တပ်သားတွေက ရိုက်နှက်လို့ နာရီပိုင်းအတွင်း သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငလျင် လှုပ်ပြီးပြီးချင်း လေကြောင်းကနေ ဗုံးကြဲခံရလို့ ကျဆုံးသွားတဲ့ ဓနု စစ်မေ ၆ ယောက်နဲ့ တပ်သား ၁ ယောက်ရဲ့ ရက်လည် ပြုလုပ်

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့လယ်က ငလျင် လှုပ်ခတ်ပြီးချိန် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကျဆုံးသွားခဲ့တဲ့ ဓနုတပ်- DPLF/DPLA ရဲ့ စစ်မေ ၆ ယောက်နဲ့ တပ်သား ၁ ယောက်ရဲ့ ရက်လည်ကို မနေ့ ဧပြီ ၄ ရက်က ပြုလုပ်ခဲ့တယ်လို့ ဓနုတပ်တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။