တောင်းခမ်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဖက်က လေယာဥ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖက်ကလည်း လေယာဥ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်ဒေသက ကလေးငယ် ၂ ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံ(KNU) ကော်သူလေးအုပ်ချုပ်နယ်မြေ မူတြော်(ဖာဖွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ ဧပြီ ၇ ရက်နေ့လည်မှာ ထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ်သင့်ခဲ့ရတဲ့ ကလောနဲ့ သာစည်မြို့နယ်က ကျေးရွာတချို့မှာ ၁၀ ရက်ကျော် ကြာတဲ့အထိ အကူအညီမရသေး

ရှမ်းတောင် ကလောနဲ့ သာစည်မြို့နယ်အစပ်က ငလျင်ဘေးဒဏ် သင့်ခဲ့ရတဲ့ ကျေးရွာတချို့မှာ ၁၀ ရက်ကျော်ကြာတဲ့အထိ အကူအညီမရသေးဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က ၇ မိုင်ကျေးရွာမှာ တအာင်းတပ်မတော် TNLA၊ မိုးကုတ်ဗျူဟာ၊ မန္တလေး PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

ငလျင်ဘေးသင့်ခဲ့တဲ့ အင်းလေးဒေသမှာ ပြန်လည်ထူထောင်ရေးအတွက် လက်သမားအပါအဝင် အကူအညီတွေ လိုအပ်နေ

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ပြန်လည်ထူထောင်ရေးကာလအတွက် အကူအညီ လိုအပ်နေတယ်လို့ ဒေသတွင်း လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

‎မူဆယ်မှာ အလုပ် သွားလုပ်တဲ့ အမျိုးသမီးငယ်တစ်ဦး ၁ လကျော် ကြာတဲ့အထိ ပျောက်ဆုံးနေပြီး လူကုန်ကူးခံရမှာကို စိုးရိမ်နေ

ရှမ်းမြောက် ကွတ်ခိုင်မြို့ မိုင်းယုလေးအုပ်စု လွယ်ပေါင်းရွာက အသက် ၁၇ နှစ်အရွယ် အေကီခေါ် မိမိခိုင်ဆိုသူဟာ နမ့်ဖတ်ကာကနေတဆင့် မူဆယ်မြို့ဘက် အလုပ် သွားလုပ်ရင်း ပျောက်ဆုံးသွားတယ်လို့ မိသားစုဝင် အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တောင်းခမ်းမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLA ပြော

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်- TNLA က ထုတ်ပြန်ပါတယ်။

ညောင်ရွှေမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်နဲ့ PNO က ဒရုန်းနဲ့လက်နက်ကြီး‌တွေ ပစ်ခတ်

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးတောင်ဘက်ခြမ်းရှိ ရေပူကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်- PNO/PNA က ဒရုန်းနဲ့လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ညောင်ကျိုး တပ်စခန်းကို AA သိမ်း၊ အပစ်ရပ်ပြီးနောက် စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆို

ရခိုင်ပြည်နယ်နဲ့ ပဲခိုင်းတိုင်းအစပ် ပန်းတောင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ ညောင်ကျိုး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်- AA က မနေ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ထဲ လေယာဥ်နဲ့ ဆက်လက် ဗုံးကြဲတိုက်ခိုက်နေ

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ လေယာဥ်နဲ့ ဆက်လက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။