လက်လွတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်မတိုက်ယူနိုင်ပေမယ့် တရုတ်ရဲ့ အကူအညီနဲ့ လားရှိုးကို စစ်ကောင်စီ ပြန်ရတော့မှာလား

ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ဟာ လက်ရှိမှာ ပုံမှန်လည်ပတ်နေပေမယ့် လာမယ့် ရက်ပိုင်းတွေအတွင်းဖြစ်လာမယ့် အုပ်ချုပ်သူအပြောင်းအလဲကို လူထုတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေကပါ စိတ်ဝင်စားနေကြပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ် ၃၀၉လုံးအတွက် ကိုးကန့်တပ်က ငွေကျပ်သိန်းတစ်သောင်းကျော် ထောက်ပံ့ပေး၊ မရရှိသေးသူတွေ သွားရောက်ထုတ်ယူနိုင်

ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားတဲ့ သာသနာ့အဆောက်အဦးအပါအဝင် အဆောက်အဦးတစ်လုံးကို ကျပ်သိန်း ၅၀ နှုန်းနဲ့ အဆောက်အဦးပေါင်း ၃၀၉ အိမ်အတွက် ငွေကျပ်သိန်းတစ်သောင်း‌ကျော်ကို မနေ့ ဧပြီ ၇ ရက် မနက်ပိုင်း ၁၀ နာရီအချိန်မှာ ထောက်ပံ့‌ပေးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားနဲ့ သုံ့ပန်းအချို့ဖမ်းဆီးရရှိထား

စ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရမိထားကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာတချို့မှာ SSPPက ဆန်စက်ရုံတွေကို ၁လ ဆန် ၆ အိတ်တောင်းလို့ ဒေသခံတွေ အခက်တွေ့

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်က ကျေးရွာတချို့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPPက ဆန်စက်ရုံပိုင်ရှင်‌တွေထံ ဆန် ၆ အိတ် တောင်းခံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ဘက်ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဆင်ဖြူဂိတ်မှာရှိတဲ့ လဝကတွေက သိမ်းဆည်းထားပြီး တစ်ထုပ်ကို ၃ သိန်းနဲ့ ပြန်ရွေးခိုင်း

တရုတ်ပြည်ကနေ မြန်မာဖက်ကို တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို မူဆယ်မြု့ ဆင်ဖြူဂိတ်မှာရှိတဲ့ လဝက (လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန) ဝန်ထမ်းတွေက သိမ်းဆည်းထားပြီး ပစ္စည်းတစ်ထုပ်ကို ၃ သိန်းကျပ်နဲ့ ပြန်ရွေးခိုင်းတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

မန္တလေး-မြစ်ကြီးနား လမ်းမပေါ်ရှိ အင်းတော်မြို့ကို KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်

စစ်ကိုင်းတိုင်း မန္တလေး-မြစ်ကြီးနား လမ်းမပေါ်ရှိ အင်းတော်မြို့ကို မနေ့ ဧပြီ ၇ ရက် ညပိုင်းမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကိုးကန့်တပ်ရဲ့ သူရဲကောင်း အောက်မေ့ဖွယ် အခမ်းအနား

၁ဝ၂၇ စစ်ဆင်ရေးအပါအဝင် တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ သူရဲကောင်း ရဲဘော်တွေအတွက် အောက်မေ့ဖွယ် ဂုဏ်ပြုခြင်းအခမ်းအနား ကျင်းပခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ကိုးကန့်တပ်- MNDAA က မနေ့ ဧပြီ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

လောက်ကိုင်မြို့မှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေ ပြန်လာဖွင့်ဖို့ MNDAA ပြော၊ မဖွင့်ရင် ဒဏ်ငွေ ဆောင်ရမယ်လို့ဆို

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ဒေသဖြစ်တဲ့ လောက်ကိုင်မြို့မှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေ ပြန်လာဖွင့်ကြဖို့ MNDAA က ပြောဆိုထားတယ်လို့ လောက်ကိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖလမ်းမြို့တစ်ခုလုံးကို ချင်းညီနောင် ပူးပေါင်းအဖွဲ့ သိမ်းပိုက်ထားပြီဟု ဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့တစ်ခုလုံးကို ချင်းညီနောင် ပူးပေါင်းအဖွဲ့က ဒီနေ့ ဧပြီလ ၇ရက်နေ့ မနက်မှာ သိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်ဆီက သိရပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ကိုးကန်တပ်က တစ်အိမ်ကို သိန်း ၅၀ လျှော်ကြေးပေး

ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေကို ကိုးကန့်တပ် တစ်အိမ်ကို ကျပ်သိန်း ၅၀ လျှော်ကြေးပေးသွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။