KIA နဲ့ TNLA ဆွေးနွေးနိုင်ဖို့ ရှေ့ပြေးညှိနှိုင်းမှု စတင်နေပြီလို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ပြော
ကချင်တပ်မတော်- KIO/KIA နဲ့ တအာင်းတပ်မတော်- PSLF/TNLA တို့အကြား ဆွေးနွေးနိုင်ဖို့ ရှေ့ပြေး ညှိနှိုင်းမှုတွေ စတင်နေပြီလို့ KIO ရဲ့ ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ၎င်းရဲ့ လူမှုကွန်ရက်ပေါ်မှာ အသိပေးလာပါတယ်။