TNLAထိန်းချုပ်တဲ့ မြို့နယ် ၅ ခုမှာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် အလှူငွေ ကျပ်သိန်း ၂ ထောင်ကျော်ကောက်ခံရရှိ၊ အလှူရှင်အရောက်နည်းတဲ့ မြို့နယ်တွေကို အဓိက ခွဲဝေပေးပို့လှူဒါန်းမည်
တအာင်းတပ် – PSLF/ TNLA ထိန်းချုပ်ထားတဲ့မြို့နယ် ၅ ခုမှာ တစ်ပတ်ကျော်အတွင်း ငလျင်ဘေးသင့်ပြည်သူတွေ အတွက် အလှူငွေ ကျပ်သိန်း ၂ ထောင်ကျော် ကောက်ခံရရှိခဲ့တယ်လို့ TCSO တအာင်းအရပ်ဖက် အဖွဲ့အစည်းမှ ဒီနေ့ ဧပြီ ၁၀ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။