တအာင်းဘာသာနဲ့ အပတ်စဉ် တင်ဆက်ပေးနေတဲ့ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ်ကနေ ပြန်လည် ကြိုဆိုပါတယ်။
အပတ်စဉ် စုစည်းတင်ဆက်ပေးနေတဲ့ ရွှေဖီမြေရဲ့ ရုပ်သံသတင်းအစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ကြားရမယ့် သတင်းတွေကတော့
~ ရာဇဝတ်မှု ကျူးလွန်သူ ၅ ဦးကို ကိုးကန့်တပ်က လားရှိုးမြို့တွင်းက လူမြင်ကွင်းရှေ့မှာပဲ သေဒဏ်ချမှတ်ခဲ့တဲ့သတင်း
ဒီပဲယင်းမြို့နယ်ထဲက ဘုန်းကြီးကျောင်း လေကြောင်းနဲ့ တိုက်ခိုက်ခံရလို့ ကိုရင် ၃ ပါးအပါအဝင် ၆ ဦး သေဆုံး
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကိုရင် ၃ ပါးအပါအဝင် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ထွက်ပြေးဖို့ ကြိုးစားတဲ့ ဗိုလ်ကြီးတစ်ဦးကို ဓနုတပ် DSNDA က အသေပစ်ခတ်
ရှမ်းတောင် ရွာငံ-အောင်ပန်း လမ်းမပေါ်မှာ ဓနုပြည်နယ် ကာကွယ်ရေးတပ်တော်- DSNDA က စစ်ဆေးရေး လုပ်နေချိန် ကားပေါ်ကနေ ဆင်းပြေးသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း DSNDA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံရဲ့ ပြောပြချက်အရ သိရပါတယ်။