စဉ့်ကူးနဲ့ သပိတ်ကျင်းမှာ လေယာဥ်နဲ့ ဗုံးဆက်တိုက်ကြဲနေ၊ လိပ်ကျရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံး

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်မှာ လေယာဥ်နဲ့ ဗုံးဆက်တိုက်ကြဲနေပြီး သပိတ်ကျင်းမြို့နယ် လိပ်ကျရွာ ဗုံးကြဲတိုက်ခိုက်ခဲ့ရမှုမှာ ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

သီပေါ တုံစင့်ရွာမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ် တုံစင့်ရွာမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက် ပြတ်သွားပါတယ်။

သပိတ်ကျင်း လိပ်ကျရွာကို စစ်ကောင်စီတပ် ဗုံးကြဲမှု အစုလိုက် အပြုံလိုက် သေဆုံး

ဒီနေ့ ဧပြီ ၁၈ ရက် မနက် ၁၁ နာရီခန့်မှာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကွင်းသုံးဆယ်လမ်းဆုံ လိပ်ကျရွာထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူ ၁၀ ဦးထက်မနည်း အစုလိုက် အပြုံလိုက် သေဆုံးပြီး အများစု ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်ပေးနေတဲ့ ရွှေဖီမြေရဲ့ ရုပ်သံသတင်းကနေ ပြန်လည် ကြိုဆိုပါရစေ။

ဒီတစ်ပတ် သတင်းတွေကို လွေးထွေးက ကောက်နုတ်တင်ဆက်ပေးသွားပါမယ်။ ~ သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာ တိုက်ပွဲ ပြင်းထန်ခဲ့လို့ မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့ပါတယ်။

မန္တလေးဘက် စစ်ဘေးရှောင်တဲ့ ကျောက်မဲ ဒေသခံတွေ ငလျင်ဘေး ထပ်ခံရပြီး အကူအညီ လိုအပ်နေ

မန္တလေးဘက် စစ်ဘေးရှောင်တဲ့ ရှမ်းမြောက် ကျောက်မဲမြို့က စစ်ရှောင် ဒေသခံတွေဟာ ငလျင်ဘေး ထပ်ကြုံရလို့ အကူအညီ လိုအပ်နေပါတယ်။

မတူပီမြို့ထဲ လေကြောင်းနဲ့ ဗုံးကြဲခံရလို့ ၅ ဦး ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပါစတာတစ်ဦးအပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရပြီး လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

သီပေါ-လားရှိုးလမ်း ကိုးကန့်တပ် ပိတ်ထား

ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ သီပေါကနေ လားရှိုးဘက် တက်လာတဲ့ လမ်းမကြီးကို ကိုးကန့်တပ်- MNDAA က ပိတ်ထားပြီး သီပေါကနေ ကျောက်မဲဘက် အဝင်အထွက်ကိုလည်း တအာင်းတပ်- TNLA က ယာယီ ပိတ်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ် လားရှိုးမြို့ထဲ ဝင်လာနေလို့ လားရှိုး-သီပေါလမ်း ယာယီ ပိတ်ထား၊ မြို့တွင်းထဲ တိတ်ဆိတ်နေ

ဒီနေ့ ဧပြီ ၁၈ ရက်မှာ လားရှိုးမြို့ထဲ စစ်ကောင်စီတပ် ဝင်ရောက်လာနေလို့ လားရှိုး-သီပေါလမ်းကို ယာယီ ပိတ်ထားပြီး လားရှိုးမြို့တွင်းလည်း ပုံမှန်ရက်တွေထက် တိတ်ဆိတ်နေတယ်လို့ လားရှိုးမြို့တွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲ နိုင်ကျဉ်း ၅ ရာခိုင်နှုန်းခန့်သာ ပါဝင်

စစ်ကောင်စီက အကျဉ်းထောင်က အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၅ ရာခိုင်နှုန်းခန့်သာ ပါဝင်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လားရှိုးမှာ အုပ်ချုပ်ရေးအဖွဲ့တွေကို ဧပြီ ၂၁ ရက်အထိသာ ရုံးတက်ဖို့ ကိုးကန့်တပ် အသိပေးထား၊ စစ်ကောင်စီ အုပ်ချုပ်ရေး စဝင်မယ်

ရှမ်းမြောက် လားရှိုးမြို့ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကိုးကန့်တပ်မတော်- MNDAA ဟာ အုပ်ချုပ်ရေးအဖွဲ့တွေကို လာမယ့် ဧပြီ ၂၁ ရက်အထိသာ ရုံးတက်ဖို့ အသိပေးထားတယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးမှာ ပါဝင်နေသူတချို့က ရွှေဖီမြေကို ပြောပါတယ်။