မတ္တရာမြို့နယ် အိုင်ဒိုင်ရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်၊ ဘုန်းကြီးတစ်ပါးနဲ့ လူ ၃ ဦး ဒဏ်ရာရ
မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်း အိုင်ဒိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးနဲ့ လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေပြည်တော် လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအပါအဝင် ၃ ဦးဖမ်းမိခဲ့ကြောင်း PLA ပြော
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတစ်နေရာမှာ စစ်ဆေးရေး ပြုလုပ်နေစဥ် စစ်ကောင်စီတပ်ရဲ့ အမှတ်(၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၃)မှ ဗိုလ်မှူးအပါအဝင် ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော်- PLA က ဒီနေ့ ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လားရှိုးမြို့ရှိ အထင်ကရ နေရာတွေမှာ စိုက်ထူထားတဲ့ ကိုးကန့်တပ် အလံတွေကို ဖြုတ်သိမ်းနေ၊ ကိုးကန့်တပ် ဒီနေ့ နောက်ဆုံးထားပြီး လားရှိုးကနေ ဆုတ်ခွာရမယ်
စစ်ကောင်စီတပ် ပြန်အုပ်ချုပ်မယ့် ရှမ်းမြောက် လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ရပ်ကွက်ရှိ အထင်ကရ နေရာတွေမှာ စိုက်ထူထားတဲ့ ကိုးကန့်တပ်- MNDAA ရဲ့ အလံတွေကို ပြန်လည် ဖြုတ်သိမ်းနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ရတနာပုံတံတား ဖြတ်သန်းခွင့်ပိတ်လို့ ကုန်ကားတွေ သင်္ဘောနဲ့ မြစ်ဖြတ်ကူးနေရ၊ ကားတစ်စီးကို မြစ်ကူးခ ၁ သိန်းခွဲ ပေးနေရ
စစ်ကောင်စီက ဧရာဝတီမြစ်ကူးတံတား ရတနာပုံကို ကုန်တင်ယာဉ်ကြီးနဲ့ ဆီသယ်ယာဉ်တွေ ဖြတ်သန်းခွင့် ပိတ်လိုက်တာကြောင့် တွဲသင်္ဘောနဲ့ မြစ်ဖြတ်ကူးနေရပြီး ကားတစ်စီးကို မြစ်ကူးခအဖြစ် ၁ သိန်းခွဲအထိ တောင်းယူနေတယ်လို့ ဒေသခံယာဉ်မောင်းတွေက ပြောပါတယ်။