လားရှိုးကို စစ်ကောင်စီထံ လွှဲပြောင်းဖို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီနဲ့ ကိုးကန့်တပ်က ကျေးဇူးတင်ကြောင်း တရုတ်ပြော
ကိုးကန့်တပ်မတော်- MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်ထံ လွှဲပြောင်းဖို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီနဲ့ ကိုးကန့်တပ်က ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။