လားရှိုးအဝင်မှာ ကုန်ကားနဲ့ အိမ်စီးကားတွေကို စစ်ကောင်စီ ငွေ စတောင်းပြီ၊ တစ်ရက် သိန်းထောင်ချီနီးပါး ရနိုင်
ဒီနေ့ ဧပြီ ၂၄ ရက်မှာ လားရှိုး-သိန္နီအထွက် အေတီတံတားမှာ လုံခြုံရေးတာဝန် ယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကုန်ကားနဲ့အိမ်စီးကားတွေကို ငွေ စတောင်းနေပြီဖြစ်ပြီး တစ်ရက်ပျှမ်းမျှ ဝင်ငွေ သိန်းထောင်ချီ ရှိနိုင်တယ်လို့ ပေးဆောင်ခဲ့ရသူ ကုန်ကားမောင်းသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။