ဟိုပုံးမြို့နယ်ရှိ ကျေးရွာ ၃ ခုမှာ လေပြင်းကြောင့် နေအိမ် ၅၀ ကျော် ပျက်စီးပြီး အကူအညီ လိုအပ်နေ

ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်ရှိ ကျေးရွာ ၃ ခုမှာ မိုးသက်လေပြင်းကြောင့် နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ပြီး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ရိုဟင်ဂျာပြည်နယ် ပေါ်ပေါက်လာရေးအတွက် တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် အင်အားကြီးပါတီ ဆွေးနွေးခဲ့

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာလူမျိုးအတွက် သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခု ပေါ်ပေါက်လာဖို့ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် အင်အားကြီးပါတီနှစ်ခု ဆွေးနွေးခဲ့တယ်လို့ မနေ့ ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။

စဥ့်ကူးမြို့ပေါ်ရှိ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း လေယာဥ်နဲ့ ဗုံးကြဲခံရပြီး အဆောက်အဦး ပျက်စီး

မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့ပေါ်ရှိ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်း လေယာဥ်နဲ့ ဗုံးကြဲခံရပြီး အဆောက်အဦးတွေ ပျက်စီးသွားတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီ ပြန်အုပ်ချုပ်နေတဲ့ လားရှိုးမှာ ဒီနေ့ တစ်ရက်ထဲ လုယက်မှု ၂ ခုထပ်ဖြစ်ပြီး ၂ ဦးဒဏ်ရာရ၊ ၁ ပတ်အတွင်း ဓားပြ၊ လုယှက်မှု ၅ ကြိမ်အထိ ဖြစ်ပွါးနေပြီဖြစ်

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ လုယက်မှု ၂ ခုထပ်မံဖြစ်ပွားခဲ့ပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

နမ္မတူမှာ ကလေးတစ်ဦး ငါးကန်ထဲ ရေဆင်းကူးလို့ ရေနစ်သေဆုံး

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် မိုင်းဟုန်းကျေးရွာနဲ့ နားမတ်ကျေးရွာကြားမှာရှိတဲ့ ငါးကန်တစ်ခုထဲကို အသက် ၁၅ နှစ်အရွယ်ရှိတဲ့ အမျိုးသားငယ်တစ်ဦးက ရေဆင်းကူးရာမှာ ရေနစ်‌ပြီးသေဆုံးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မတ္တရာမြို့နယ် ရုံးပင်ရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက် ၊ အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်း ရုံးပင်ရွာ အနီး တစ်ဝိုက်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး နှစ်လုံး လေကြောင်းကနေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

ကျောင်းသားတပ်ဦး တည်ထောင်ခြင်း ၄ နှစ်ပြည့်ပြီ၊ TNLA အပါအဝင် တော်လှန်ရေးတပ်တွေ သဝဏ်လွှာ ပေးပို့

တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်- SAF တည်ထောင်တာ ဒီနေ့ ဧပြီ ၂၇ ရက်မှာ ၄ နှစ်ပြည့်ခဲ့ ပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် နောင်ချိုနဲ့ သပိတ်ကျင်းမှာ စစ်တပ်နဲ့ TNLA တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ဆက်တိုက်ကြဲနေ

စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရှမ်းမြောက် နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-TNLA အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

မင်းကွန်းဒေသကို စစ်ကောင်စီကပိတ်ဆို့ထားတာကြောင့် ငလျင်ဘေးအကူအညီတွေ လုံးဝမရောက်၊ ဒေသခံတွေစားဝတ်နေရေး အခက်ကြုံ

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကောင်စီကချုပ်ကိုင်ပိတ်ဆို့ထားတာကြောင့် ငလျင်ဘေးကူညီကယ်ဆယ်ပေးမှုတွေဟာ ၁လကြာတဲ့အထိ လုံးဝမရောက်ရှိသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

လားရှိုးမြို့မှာ ဓားခုတ်မှုထပ်ဖြစ်လို့ အမျိုးသားတစ်ဦး သေဆုံး၊ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး ၁ပတ်အတွင်း ဓားပြတိုက်မှုနဲ့ဓားခုတ်လုယက်မှု ၃ ကြိမ်ထိ ဖြစ်ပွါး

စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်လာတဲ့ လားရှိုးမြို့မှာ ဓားခုတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး တစ်ပတ်အတွင်း ဓားခုတ်မှုနဲ့ ဓားပြတိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။