နမ့်လန်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က အမျိုးသမီး၂ ဦးကို ဖမ်းဆီး၊ ၁ဦးကို ငွေ ၃ သိန်း တောင်းယူပြီး ပြန်လွှတ်ပေး

ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ တအာင်းအမျိုးသမီး ၂ ဦးကို ဖမ်းဆီးထားကာ တစ်ဦးကို ငွေ ၃ သိန်းတောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကာယကံရှင်ဖြစ်သူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မင်းလှမြို့ သရော်ကုန်ရွာက‌နေ အင်အား ၇၀ ကျော်နဲ့ ထွက်လာတဲ့စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရ၊ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး၊ လက်နက် ခဲယမ်းအချို့ သိမ်းဆည်းရမိ

‎ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သရော်ကုန်ရွာ ဘုန်းကြီးကျောင်းကနေ အင်အား ၇၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကြောင်းကို သာယာဝတီခရိုင် PDF နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က ပိတ်ဆို့ တိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့ပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့မှာ နေအိမ်မီးလောင်မှုဖြစ်ပွာပြီး တန်ဖိုး ကျပ်သိန်း ၃၀၀ ကျော်‌ မီးလောင်ဆုံးရှုံးသွား

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုးမိတ် ကျောက်မဲမြို့နယ်နဲ့ နမ့်ခမ်းမြို့နယ် မိုင်း‌ဝီး‌ကျေးရွာတွေမှာ နေအိမ် မီးလောင်မှုဖြစ်ပွါးခဲ့လို့ ကာလတန်းဖိုး ကျပ်သိန်းပေါင်း ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ တအာင်းတပ်မတော်-TNLA က ထုတ်ပြန်ထားပါတယ်။

လူ ထောင်နဲ့ချီ သေဆုံးစေခဲ့တဲ့ ငလျင်လှုပ်ခတ်မှု ၁ လ ပြည့်ပြီ၊ ငလျင်ဒဏ် အဆိုးဆုံးခံရတဲ့ မန္တလေးမှာ နလန် မထူနိုင်သေး

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ လူပေါင်းထောင်နဲ့ချီ သေဆုံးစေခဲ့တဲ့ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်မှုဟာ ဒီနေ့ ဧပြီ ၂၈ ရက်မှာ ၁ လ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီးမော့ဆိုက စစ်ရှောင်စခန်းတစ်ခုမှာ မိုးရွာပြီးချိန် ကျောက်တုံး ပြိုကျတာကြောင့် အသက် ၇၀ အရွယ် စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံး

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ရှိ စစ်ရှောင်စခန်းတစ်ခုထဲ မိုးရွာနေချိန် ကျောက်တုံးတစ်တုံး လိမ့်ကျလာတာကြောင့် အသက် ၇၀ အရွယ် စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နောင်ချို သစ်စက်ရွာ ဗုံးကြဲခံရပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် သစ်စက်ရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

“ဝ”တပ်က ကျားဖျန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၂ ဦးကို တရုတ်ထံ ထပ်မံ လွှဲပြောင်းပေး

“၀”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ဒေသက အွန်လိုင်း ငွေလိမ်လုပ်ငန်း ကျားဖျန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၂ ဦးကို တရုတ်နိုင်ငံထံ ထပ်မံ လွှဲပြောင်းပေးခဲ့တယ်လို့ UWSA ရဲ့ တရားရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ကျေးလက်ဒေသ ပညာရေး

အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေဟာ တိုက်ပွဲတွေကနေ အုပ်ချုပ်ရေးဘက်ကို ကူးပြောင်းလာတာနဲ့အမျှ ပညာရေးလိုမျိုး အရေးကြီးတဲ့ အများပြည်သူအတွက် ဝန်ဆောင်မှုတွေပေးဖို့ လိုအပ်လာပါတယ်။

သပိတ်ကျင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေကို သိန်း(၂,၃၀၀)ကျော် ထောက်ပံ့

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိန်း(၂,၃၀၀)ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် သပိတ်ကျင်းမြို့နယ်က ဒီနေ့ ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် မိုးဗြဲမှာ တိုက်ပွဲ ပြင်းထန်နေ၊ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံး

ရှမ်းတောင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။