သီပေါမှာ လေပြင်းတိုက်ခတ်လို့ ဆိုင်ပေါ် သစ်ပင်ကျိုးကျပြီး ဆိုင်ခန်းအချို့ပျက်စီး

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ လေ‌ပြင်းတိုက်ခတ်လို့ ဆိုင်ခန်းတွေအပေါ် သစ်ပင်ကျိုးကျပြီး ဆိုင်ခန်းတစ်ဆိုင်ပျက်စီးသွားခဲ့တယ်လို့ ရွှေဖီမြေက သိရှိရပါတယ်။

မတ္တရာ အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက မြကံသာ အထိုင်စခန်းကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဒေသခံ ၁ ဦးသေဆုံးပြီး၊ ၁ ဦးဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် စစ်ကောင်စီတပ်ရဲ့ မြကံသာ အထိုင်စခန်းကနေပြီးတော့ မတ္တရာအရှေ့ဘက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Voice of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

လူထုတွေကို ပိုပြီးသွေးစွန်းစေခဲ့တဲ့ စစ်ကောင်စီရဲ့ အပစ်ရပ်ခြင်း

လူပေါင်းထောင်နဲ့ချီ သေဆုံးစေခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြီး ဖြစ်ပွားခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးဟာ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို နိုင်ငံတဝန်းက လူထုတွေ ဆက်လက်ခံစားနေရပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မူးမြို့နယ်က အရပ်သား ၄ ဦ သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း မူးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တောင်းခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့ဗုံး ဆက်တိုက်အသုံးပြုနေ

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့ဗုံး ဆက်တိုက်အသုံးပြုနေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၆ ဦးဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မိုင်းယော် ရွာသစ်ရွာမှာ မိုးကြိုးနဲ့လေပြင်းမုန်တိုင်းတိုက်ခတ်လို့ အမျိုးသမီး ၁ဦး ဒဏ်ရာရပြီး နေအိမ်တချို့ပျက်စီး

ရှမ်းမြောက် လားရှိုးမြို့ မိုင်းယော်တိုက်နယ်က ရွာသစ်ကျေးရွာမှာ မိုးကြိုးပစ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်တချို့လည်း ပျက်စီးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

PSLA လက်နက်အပ်ပြီး နှစ် ၂ဝ အကြာ

အာဏာသိမ်း စစ်အစိုးရ ဖိအားပေးမှုကြောင့် တအာင်းလူမျိုးရဲ့ တော်လှန်ရေးသမိုင်း ခေတ္တ ရပ်တန့်လိုက်ရချိန်က ၂ဝဝ၅ ခုနှစ် ဧပြီ ၂၉ ရက်။

ဝန်းသိုမြို့ အာမခံရွာအနီးက ကလေးငယ် ၂ ဦးအပါ ဒေသခံ ၇ ဦးကို သတ်ဖြတ်ခံရမှုဟာ စစ်ကောင်စီ လက်ချက်ဖြစ်ကြောင်း ဝန်းသို PDF ပြော

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် အာမခံရွာအနီးက ကလေးငယ်နှစ်ဦး အပါအဝင် ဒေသခံ (၇)ဦး ဖမ်းဆီး သတ်ဖြတ်ခံရတာဟာ စစ်ကောင်စီလက်ချက်ဖြစ်တယ်လို့ ဝန်းသိုမြို့ PDF မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သီပေါမှာ SSPP နဲ့ MNDAA တို့ နယ်မြေအငြင်းပွားမှုဖြစ်ပြီး အချင်းချင်း ပစ်ခတ်မှုဖြစ် (edited 2:19 PM)

ရှမ်းမြောက် သီပေါမြို့နယ် နမ့်မကျေးရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဖြစ်ပွားရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။