တရုတ်ရဲ့ ဖိအားကြားက စစ်အာဏာရှင် တော်လှန်ရေးမှာ TNLA ဆက်လက်ပါဝင်သွားမယ်
တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် မလုပ်ဆောင်နိင်ရင် လာမယ့်မျိုးဆက်သစ်တွေမှာ စစ်ဘေးဒဏ်ကို ဆက်လက်ခံစားရမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ TNLA က ထုတ်ပြောလာပါတယ်။
ဧပြီလအတွင်း KNU နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၁၃၉ ကြိမ် ဖြစ်ပွား၊ စစ်တပ်ဘက်က ဗိုလ်မှူးအပါအဝင် ၃၉ ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်
ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ကော်သူလေးအုပ်ချုပ်နယ်မြေ မူတြော်(ဖာဖွန်)ခရိုင်ထဲ ပြီးခဲ့တဲ့ ဧပြီလအတွင်း KNU တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၁၃၉ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က ဒီနေ့ မေလ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
မူဆယ်ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်မှာ တရုတ်ကားတွေသာ သွားလာခွင့်ပြုပြီး မြန်မာနိုင်ငံသား ကားတွေကို စစ်ကောင်စီက သွားလာခွင့်ပိတ်ပင်ထား
တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာရှိတဲ့ ဆင်ဖြူပေါက်ဂိတ်မှာ တရုတ်ပြည်ဘက်သွားမဲ့ မြန်မာနိုင်ငံက အိမ်စီးကားတွေကို စစ်ကောင်စီတပ်ဘက်က သွားလာခွင့်ပိတ်ပင်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့မှာ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တဲ့ လူတွေအတွက်ရည်စူးပြီး မန်ဆူကျောင်းဆရာတော်နဲ့ စစ်ကောင်စီတပ်တို့ ပူးပေါင်းကာ ရပ်ကွက်အချို့ထဲ ပရိတ်လိုက်ရွတ်ပေး
ရှမ်းမြောက် လားရှိုးမြို့သိမ်း တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တဲ့ လူတွေအတွက် ရည်စူးပြီး မန်ဆူကျောင်းဆရာတော်ကိုယ်တိုင် ဦးဆောင်ကာ စစ်ကောင်စီတပ်တို့ပူးပေါင်းပြီး ရပ်ကွက်အချို့ထဲ ပရိတ်ရွတ်ပေးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
ဟိုပန်မြို့ရှိ ဖောင်ဆိပ်တံတားနဲ့ ညီနောင်တံတားမှာ ဗမာလူမျိုးတွေကို ပြန်လည်ဖြတ်သန်းခွင့်ပေး
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့ရှိ ဖောင်ဆိပ်တံတားနဲ့ ညီနောင်တံတားမှာ ဗမာလူမျိုးတွေကို ဖြတ်သန်းခွင့် ပြန်ပေးပြီလို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။