နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်တပ်က တစ်ရက်အတွင်း အဆိပ်ငွေ့ဗုံး ၆ လုံး အသုံးပြုတိုက်ခိုက်

ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက စစ်ကောင်စီရဲ့ အမြှောက်တပ်တွေ တည်ရှိရာ တောင်းခမ်းရွာမှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးတွေ ဆက်တိုက် အသုံးပြုတိုက်ခိုက်နေပါတယ်။

လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်နေတဲ့ စစ်ကောင်စီတပ်က အပစ်ရပ်ကာလ ၁ လ ထပ်တိုးပြန်

စစ်ကောင်စီတပ်က ဒီနေ့ မေလ ၆ ရက်ကနေ မေလ ၃၁ ရက်အထိ အပစ်ရပ်ကာလ ၁ လ ထပ်တိုးထားကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေက ဒီနေ့ မေလ ၆ ရက်မှာ ရေးသားဖော်ပြလာကြပါတယ်။

ကျေးရွာလူထုဆန္ဒမပါတဲ့ ဆီလီကွန်ကျောက် တူးဖော်မှုကို အကြိမ်ကြိမ် တားခဲ့ပေမဲ့ လုပ်ငန်း မရပ်တန့်လို့ နမ့်ခမ်း မန်စပ်ရွာခံ ရာနဲ့ချီ ဆန္ဒပြကန့်ကွက်

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စု မန်စပ်ရွာမှာ ဆီလီကွန်ကျောက် တူးဖော်မှုအပေါ် ဒေသခံ ရာနဲ့ချီ ဆန္ဒပြကန့်ကွက်ခဲ့ကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖားကန့်မှာ အမျိုးသားတစ်ဦး ဓားနဲ့ ထိုးသတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်တောင်မှာ အမျိုးသားတစ်ဦး ဓားနဲ့ ထိုးသတ်ခံခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဝါရင့်ရခိုင့်နိုင်ငံရေးသမား ဦးဦးလှစော အိန္ဒိယမှာ ကွန်လွယ်

နိုင်ငံရေးသမားတွေထဲမှာ ထင်ရှားတဲ့ ဝါရင့်ရခိုင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဦးလှစောဟာ ဆေးကုသရင်း လှည်ချောင်းကင်ဆာနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မေလ ၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်မှာ ကွယ်လွန်သွားတယ်လို့ အာရက္ခတပ်တော် (AA)နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ် ပိတ်ဆို့မှုကြောင့် မီးသွေးလုပ်ကိုင်သူတွေ အကြပ်အတည်းနဲ့ ရင်ဆိုင်လာရ

တရုတ်က နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ဆို့လိုက်တာကြောင့် မီးသွေးဈေးနှုန်း ကျဆင်းလာပြီး ရှမ်းမြောက်မှာ မီးသွေးလုပ်ကိုင်ကြတဲ့ လူထုတွေ အကြပ်အတည်း ရင်ဆိုင်နေရပါတယ်။

လက်ဖက်ရွက်စိမ်း ၁ ပိဿာ ၄ ထောင်ကနေ ၃ ထောင်အထိ ဈေးကျနေ

တအာင်းဒေသ နမ့်ဆန်မြို့နယ်ထဲက ကျေးရွာတချို့မှာ လက်ဖက်ရွက်စိမ်း တစ်ပိဿာကို ၃ ထောင်ကျပ်ဝန်းကျင်သာ ဈေးရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ တကျော့ပြန်လည်ပြင်းထန်လာ

ကချင်ပြည်နယ်ရဲ့ ဒုတိယ မြို့တော်ဖြစ်တဲ့ ဗန်းမော်မှာ ဒီနေ့ မေလ ၆ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲ ပြန်လည်ပြင်းထန်လာကြောင်း ဒေသခံတွေနဲ့ ရှေ့တန်း အသိုင်းအဝိုင်းဆီက စုံစမ်းသိရပါတယ်။

မိုင်းငေါ့မြို့အနီးက ကျေးရွာတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ထဲက ကွန်စလန်းရွာအစပ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။