အိန္ဒိယရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါကစ္စတန်မှာ သေဆုံးသူ ၂၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၄၆ ဦးရှိ

နှစ်နိုင်ငံ စစ်ရေး တင်းမာနေတဲ့ အခြေအနေမှာ အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံကို ဒီနေ့ မေလ ၇ ရက် မနက် ၁ နာရီ ၅ မိနစ်ကစပြီး ၂၅ မိနစ်ကြာ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှု စတင်လုပ်ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

ဒီးမော့ဆိုအနောက်ပိုင်းကို စစ်ကောင်စီတပ်က အဆိပ်ငွေ့နဲ့ ဗုံးကြဲတိုက်ခိုက်၊ အဆိပ်ငွေ့ ရှူမိတဲ့ ဒေသခံတွေ မူးဝေအော့အန်

ကရင်နီပြည် ဒီးမော့ဆိုအနောက်ပိုင်းကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အဆိပ်ငွေ့ ရှူမိတဲ့ ဒေသခံတွေ မူးဝေတာနဲ့ အော့အန်တာတွေ ဖြစ်ခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တောင်ကြီးမြို့ကို စစ်ခေါင်းဆောင်တွေ မကြာခဏ ရောက်နေပြီး မြို့ထဲ လိုင်စင်မဲ့ယာဉ်ကို ဆက်တိုက် ဖမ်းဆီးသိမ်းယူနေ

ရှမ်းတောင် တောင်ကြီးမြို့မှာ စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ မကြာခဏ ရောက်လာပြီး မြို့တွင်းမှာ လိုင်စင်မပါတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီက ဖမ်းဆီးသိမ်းယူနေတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

သပိတ်ကျင်း ရေထွက်ရွာမှာ စစ်ကောင်စီတပ် လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲ၊ တစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ (Edit-5:18 PM)

စစ်ကောင်စီတပ်ဟာ အပစ်ရပ်ကာလ တစ်လ ထပ်တိုးမယ်လို့ ကြေညာထားပေမဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တရုတ်စီစဥ်ပေးတဲ့ လားရှိုးအုပ်ချုပ်သူ အပြောင်းအလဲဖြစ်ပြီးနောက် ဖြစ်လာနိုင်တဲ့ နယ်စပ်ကုန်သွယ်ရေး အလားအလာ

တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပြီးနောက် ရပ်တန့်နေတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေး ပြန်စနိုင်မလားဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တောင်ကြီးမှာ အရက်မူးနေတဲ့ PNO တပ်သားဟောင်းတစ်ဦးက ကင်းလှည့်နေတဲ့ ‌ရဲကို သေနတ်နဲ့ ပစ်ခတ်ရာ ရဲတစ်ဦး ဒဏ်ရာရ

ရှမ်းတောင် တောင်ကြီးမြို့မှာ အရက်မူးနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO တပ်သားဟောင်းတစ်ဦးက ကင်းလှည့်နေတဲ့ ရဲကို သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ရဲတစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မင်းပြားမြို့နယ်မှာ ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရ၊ တရားခံကို AA ဖမ်းဆီးထား

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲက ရွာတစ်ရွာမှာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရတယ်လို့ ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဧပြီလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၇၀ ကျော် သေဆုံး

စစ်ကောင်စီတပ် အပစ်ရပ်ထားတဲ့ ဧပြီလအတွင်း စစ်ကောင်စီတပ်ကြောင့် မြန်မာတစ်နိုင်ငံလုံးက အရပ်သား ၇၁ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ- BWU ရဲ့ ဒီနေ့ မေလ ၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျောက်ထုမြို့ထဲ ပစ္စည်းလာဝယ်တဲ့ ဦးဇင်းနဲ့ ကပ္ပိယကို စစ်ကောင်စီတပ် ဖမ်းဆီးပြီး စစ်ဆေးရိုက်နှက်၊ စစ်တပ်ဘက်က လက်လွန်မှုကြောင့် ဦးဇင်း ပျံလွန်တော်မူ

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် တပြင်းရွာကနေ ကျောက်ထုမြို့ထဲ ပစ္စည်းလာဝယ်တဲ့ ဦးဇင်းတစ်ပါးနဲ့ ကပ္ပိယကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ဆေးရိုက်နှက်ခဲ့တယ်လို့ ယောအလင်းတန်းမှ ကိုအောင်ကြီးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မြို့မှာ အမျိုးသမီး ၁ ဦးကို အမျိုးသားတစ်စုက ပြန်ပေးဆွဲ၊ မူဆယ်မှာ တစ်ပတ်ကျော်အတွင်း လုယက်မှုနဲ့ ပြန်ပေးဆွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွား

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ အမျိုးသမီး ၁ ဦးကို အမျိုးသားတစ်စုက ပြန်ပေးဆွဲသွားပြီး တစ်ပတ်ကျော်အတွင်း လုယက်မှုနဲ့ ပြန်ပေးဆွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။