နောင်ချို သရက်ချိုရွာထဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေး ၁ ဦးအပါအဝင် ဒေသခံ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် သရက်ချိုရွာထဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေး ၁ ဦး အပါအဝင် ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ဒီနေ့ မေလ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
ကျုံဒိုးမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူး ၁ ဦးအပါ တပ်သား ၃၀ နီးပါးသေဆုံး၊ စစ်ကောင်စီတပ်က လေကြောင်း၊ဒရုန်းတွေနဲ့ ဆက်လက်ထိုးစစ်ဆင်
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကျေးရွာဘက်ကို ထိုးစစ်ဆင်လာခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးစိုးမင်းထက်အပါအဝင် တပ်သား ၃၀ ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တရုတ်ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဆင်ဖြူဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်က သိမ်းဆည်းထားပြီး ငွေ သိန်း ၅၀ နဲ့ ပြန်ရွေးခိုင်းတယ်လို့ ဆို
မြန်မာ-တရုတ်နယ်စပ် ရှမ်းမြောက် မူဆယ်မြို့ ဆင်ဖြူဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်က တရုတ်ဘက်ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို သိမ်းဆည်းထားကာ ငွေ ကျပ်သိန်း ၅၀ နဲ့ ပြန်ရွေးခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
MNDAAနဲ့ SSPP အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှု အဆင်မပြေ
ကိုးကန့်တပ်မတော်-MNDAAနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPPတို့ အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖြေရှင်းရာမှာ အဆင်မပြေခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ရခိုင်နိုင်ငံရေးခေါင်းဆောင် ဦးလှစော ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း PSLF/TNLA က သဝဏ်လွှာပေးပို့
ရခိုင်လူမျိုးတို့အတွက် အရေးပါပြီးထင်ရှားတဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးလှစော ကွယ်လွန်သွားတဲ့အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PSLF/TNLA က ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ကြောင်း ဒီကနေ့ မေလ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။