ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

နမ့်ဆန်မှာ TNLA ရဲ့ အရာရှိ ၁ဦးက အသုဘအိမ် ဖဲရိုက်နေချိန် ပစ္စည်းနဲ့ ငွေ ပျောက်တာကြောင့် အရပ်သား ၂၅ ဦးကို ဖမ်းဆီးစစ်ဆေးပြီး ၄ ဦးကို ရိုက်နှက်ခြိမ်းခြောက်ခဲ့

တအာင်းဒေသ နမ့်ဆန်မြို့ ဇယန်းကြီး ရပ်ကွက်က အသုဘအိမ်မှာ ဖဲလာရိုက်တဲ့ တအာင်းတပ် TNLA အရာရှိတစ်ဦးက သူ့ကားပေါ်က ပစ္စည်းနဲ့ ငွေတွေ ပျောက်လို့ဆိုပြီး အဲအသုဘအိမ်က ဖဲလာရိုက်တဲ့ အမျိုးသား ၂၅ ဦးကို ဖမ်းခေါ်သွားခဲ့ကြောင်း ဖြစ်စဉ်ကို မြင်ခဲ့ရသူ ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဗန်းမော်မြို့တိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်းနဲ့ လာချပေးတဲ့ လက်နက်ခဲယမ်းတွေကို KIA ပူးပေါင်း တပ်ဖွဲ့ ဘက်က သိမ်းဆည်းရမိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လာချပေးတဲ့ လက်နက်ခဲယမ်း အချို့ကို KIA ပူးပေါင်းတပ်ဖွဲ့ ဘက်က သိမ်းဆည်းရမိကြောင်း ရှေ့တန်း သတင်း ရင်းမြစ်တွေဆီက သိရပါတယ်။

နယ်မြေအငြင်းပွားညှိနှိုင်းမှု မအောင်မြင်လို့ MNDAAနဲ့ SSPP တို့ ၂ဖက် အင်အားဖြည့်တင်းနေ

ပြီးခဲ့တဲ့ ဧပြီလကုန်က ကိုးကန့်တပ်မတော် – MNDAA နဲ့ ရှမ်းတပ်မတော် – SSPP တို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွါးကိစ္စ ဆေးနွေးမှု မအောင်မြင်လို့ နှစ်ဖက်လုံးက အထိုင်ချတပ်စခန်းဂိတ်တွေမှာ လူအင်အားထပ်ဖြည့်ထားနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနဲ့ဝန်ထမ်းတွေကို ဘေးကင်းလုံခြုံမှု အစွမ်းကုန် အာမခံပေးသွားမယ်လို့ မင်းအောင်လှိုင်က ရှီကျင့်ဖျင်ကိုပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့ မေလ ၉ရက်နေ့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရပိုင် Xinhus Newsက ဖော်ပြပါတယ်။

မိုးကုတ်အနောက်ပိုင်းမှာ အရပ်သားတွေ မရှိတော့ဘဲ တော်လှန်ရေးတပ်သာ နေထိုင်လို့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ အနောက်ပိုင်းကို ဗုံးကြဲတိုက်ခိုက်တာဟာ ဒေသခံ‌တွေ မရှိတော့ဘဲ တော်လှန်ရေးတပ်သာရှိလို့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း စစ်ကောင်စီကို ထောက်ခံတဲ့ လော်ဘီချန်နယ်တွေက ရေးသားဖော်ပြနေပါတယ်။

မြိတ်-ထားဝယ်ခရိုင်ရှိ စစ်ကောင်စီရဲ့ ထီးခီးစခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင် ထီးခီးဒေသမှာရှိတဲ့ စစ်ကောင်စီတပ် အခြေစိုက်စခန်းကို ကရင်တပ်မတော်- KNU/KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်လာပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် မူးမြို့နယ်က အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၃ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း မူးမြို့နယ်က အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး- KNU က ဒီနေ့ မေလ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

တစ်ပတ်တာ ဒေသတွင်းသတင်း စုစည်းတင်ဆက်မှု

ဒီတစ်ပတ် နားဆင်ရမယ့် သတင်းတွေကတော့ ~ စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမှာ နယ်မြေသတ်မှတ်ရေး ဆွေးနွေးခဲ့တာ မရှိဘူးလို့ PSLF/TNLA က ပြောပါတယ်။

ဗန်းမော်နဲ့ ဖားကန့်လမ်းဘက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အချို့ထိခိုက်၊ သေဆုံးမှု ရှိနေ

ကချင်ပြည်နယ်၊ ဗန်းမော် နဲ့ ဖားကန့်လမ်းဘက်မှာ စစ်ကောင်စီတပ်နဲ့ KIAပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဗန်းမော်က စစ်ဘေးဒုက္ခသည် အချို့ထိခိုက်၊ သေဆုံးတာတွေ ရှိနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။