ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာ လေကြောင်း တိုက်ခိုက်ခံရလို့ ကလေး ၁၁ ဦးနဲ့ ဆရာမနှစ်ဦးသေဆုံး၊ သေဆုံးမှု ထပ်တိုးလာနိုင်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာက အလယ်တန်းစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသား ၁၁ ဦးနဲ့ ကျောင်းဆရာမ နှစ်ဦးသေဆုံးခဲ့တယ်လို့ မြေပြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မိုးကုတ်မှာ လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့အ‌ရှေ့ပိုင်းမှာ လက်ပစ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ရွှေကျင်မြို့နယ်ထဲက စစ်စခန်းတစ်ခု PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ စစ်တပ်ဘက်က ၃ဝ ဦး သေဆုံးပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိ

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ ၅၉၈)ဌာနချုပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

နမ့်ခမ်း လွယ်ချပ်အုပ်စုမှာ မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူ များလာ၊ စားဝတ်နေရေးကြောင့် ကလေးအများစု ကျောင်းထွက်ပြီး တရုတ်ဘက် အလုပ် သွားလုပ်နေရ

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် လွယ်ချပ်အုပ်စုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ များလာပြီး စားဝတ်နေရေးအတွက် အသက်မပြည့်သေးတဲ့ ကလေးတွေဟာ ပြည်ပဘက် အလုပ် ထွက်လုပ်နေရကြပါတယ်။

SSPP ရဲ့ ပစ်ခတ်မှုကြောင့် နမ့်ခမ်းဒေသခံတစ်ဦး ဒဏ်ရာရ

ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်လောင်းရွာမှာ ရှမ်းတပ်မတော်- SSPP ရဲ့ ပစ်ခတ်မှုကြောင့် နမ့်ခမ်းမြို့နယ်က ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဝက်လက်မြို့နယ် အနောက်ခြမ်း လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊‌ ဒေသခံ ၁၀ ဦး သေဆုံးပြီး ၁ဝ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ဦး သေဆုံးပြီး ၁ဝ ‌ဦး ဒဏ်ရာ ရခဲ့ပါတယ်။

စဉ့်ကူးနဲ့သပိတ်ကျင်းကို လေကြောင်းကနေ ဗုံးကြဲလို့ ကလေးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

မန္တလေးတိုင်း စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖသတင်းမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။

နောင်ချိုမြို့ကို စစ်ကောင်စီတပ် မြေပြင်နဲ့ လေကြောင်းကနေ တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေ

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာဘက်ကနေ စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်း ထိုးတက်လာနေသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်က ရွှေဖီမြေကို ပြောပါတယ်။

ချောင်းဦးမြို့နယ်ထဲက ရှင်ပြုအလှူပွဲကို လေကြောင်းနဲ့တိုက်ခိုက်လို့ မောင်ရှင်လောင်းနဲ့ ဖခင်အပါအဝင် ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် သုံးပန်းလှကျေးရွာက ရှင်ပြုအလှူပွဲကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ မောင်ရှင်လောင်းနဲ့ ဖခင်အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။