‎မန်တုံမြို့ လေကြောင်းကနေ တိုက်ခိုက်ခံရ၊ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရကာ နေအိမ်တွေ ထိမှန်ပျက်စီး

တအာင်းတပ် ထိန်းချုပ်ထားတဲ့ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ထဲ စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

TNLA ထိန်းချုပ်တဲ့ မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲ

ဒီနေ့ မေလ ၁၂ ရက် ညပိုင်း ၇ နာရီခွဲဝန်းကျင်က တအာင်းတပ်မတော်- TNLA ထိန်းချုပ်တဲ့ မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တအာင်းဘာသာနဲ့ အပတ်စဉ် တင်ဆက်ပေးနေတဲ့ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ်ကနေ ပြန်လည် ကြိုဆိုပါတယ်။

ဒီတစ်ပတ် ကြည့်ရှုနားဆင်ရမယ့် သတင်းတွေကတော့ ~ MNDAA နဲ့ SSPP အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ညှိနှိင်းမှု အဆင်မပြေတဲ့သတင်း

‎ဖလမ်း မြို့သိမ်းတိုက်ပွဲအတွင်း ခြေလက်‌ဆုံးရှုံးသွားတဲ့ ရဲဘော်တွေ ခြေတုလက်တု တပ်ဆင်ပေးနိုင်ဖို့ အကူအညီ လိုအပ်နေကြောင်း CNDF ပြော

ချင်းပြည်နယ် ဖလမ်း မြို့သိမ်းတိုက်ပွဲမှာ ခြေလက်ဆုံးရှုံးသွားတဲ့ ရဲဘော်တွေကို ခြေတုလက်တု တပ်ဆင်ပေးနိုင်ဖို့ ငွေကြေးအကူအညီ လိုအပ်နေကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- CNO/ CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း တင်မီထွဋ်က ရွှေဖီမြေကို ပြောပါတယ်။

ဒီပဲယင်း အိုးထိမ်းကွင်းရွာ လေကြောင်း တိုက်ခိုက်မှုမှာ ကျောင်းသား ၂၀ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမှာ ကျောင်းသား ၂၀ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း သေဆုံးသူ ၂၂ ဦး ရှိလာတယ်လို့ မြေပြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကျိုက်ထိုနဲ့ စဉ့်ကူးမြို့တွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁ ဦးသေ၊ ၈ ဦး ဒဏ်ရာရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြင်ဦးလွင်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မူဆယ်မှာ သူခိုး၂ ဦးကို ဒေသခံတွေက ဖမ်းဆီးရမိ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ သူခိုးနှစ်ဦးကို ဒေသခံတွေက ဖမ်းဆီးမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို စစ်ကောင်စီက ဖမ်းစီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာမှာ စစ်ကောင်စီက ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ပြီး ၁၃ ဦးကို ဖမ်းစီးထားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

MNDAAတပ်က ကလေးငယ် တစ်ထောင်ကျော်ကို ကာကွယ်ဆေးထိုးပေး၊ ကာကွယ်ဆေးလာရောက်ထိုးနှံဖို့ တိုက်တွန်းထား

ကိုးကန့်တပ်- MNDAA က သူထိန်းချုပ်ဒေသရှိ ကလေးငယ်တစ်ထောင်ကျော်ကို ကာကွယ်ဆေး အခမဲ့ ထိုးပေးခဲ့တယ်လို့ ဒီကနေ့ မေလ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့ ပါရမီလမ်းထဲမှာ သေနတ် ကိုင်‌ဆောင်ထားတဲ့ လူတစ်စုက အမျိုးသမီးတစ်ဦးကို ဓားပြတိုက်၊ ကားတစ်စီးနဲ့ လက်စွပ်နှစ်ကွင်း ပါသွား၊ ဓားပြတိုက်မှု ဆက်တိုက်ဖြစ်နေ

စစ်ကောင်စီပြန်လည်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၁) ပါရမီလမ်းထဲမှာ သေနတ် ကိုင်‌ဆောင်ထားတဲ့ လူတစ်စုက အမျိုးသမီးတစ်ဦးကို ဓားပြတိုက်ကာ ကားနဲ့ လက်စွပ်နှစ်ကွင်း ယူဆောင်သွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။