ဒီပဲယင်း အိုးတိန်တွင်းရွာ လေကြောင်း တိုက်ခိုက်မှု ဒဏ်ရာရသူထဲက ကျောင်းသား ၁ ဦးထပ်မံ သေဆုံးပြီး ၂၃ ဦးအထိ ရှိလာ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာကို မနေ့ မေလ ၁၂ ရက်နေ့က စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဒဏ်ရာရရှိသူထဲက ကျောင်းသားတစ်ဦး ထပ်မံ သေဆုံးပြီး သေဆုံးသူ ၂၃ ဦးထိရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးမြို့ လူစည်ကားတဲ့ မန်ဆူကျောင်းအနီးနေရာမှာ သေနတ်ထောက် ဓားပြတိုက်မှု ထပ်မံဖြစ်ပွား
စစ်ကောင်စီပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း လားရှိုးမြို့မှာ ခိုးဆိုးလုယက်မှုတွေ မြှင့်တက်လာနေပြီး ဒီနေ့ မေလ ၁၃ ရက် ၁ နာရီအကျော်မှာ မန်ဆူကျောင်းအနီး ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသမီးတစ်ယောက်ကို သူခိုးတွေက သေနတ်ထောက်ပြီး ဓားပြတိုက်တဲ့ ဖြစ်စဉ် ထပ်မံဖြစ်ပွါးခဲ့ပါတယ်။
ရသေ့တောင်နဲ့ ကျောက်ဖြူမှာ လေကြောင်း တိုက်ခိုက်လို့ အရပ်သား ၁၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ၊ ဘုန်းကြီးကျောင်းအပါဝင် နေအိမ် ၂၀ ကျော် ပျက်စီး
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားတဲ့ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် နဲ့ ကျောက်ဖြူမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သား ၁၃ဦးသေဆုံးပြီး ၁၅ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် ၂၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရလို့ ကျောင်းသူ၊ကျောင်းသားတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ပေမယ့် ဒီပဲယင်းမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ မလုပ်ခဲ့ဘူးလို့ စစ်ကောင်စီဆို
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ မလုပ်ခဲ့ဘူးလို့ စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာ ရပ်တည်နေတဲ့ MRTVရုပ်သံ သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။