ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်
“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။
ဝက်ဝံဂိတ်မှာ ရှမ်းမြောက်ကလာတဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်ယာဉ်တချို့ကို စစ်ကောင်စီတပ်က စစ်ဆေးပြီး ကားသမား ၆ ဦးကို ဖမ်းဆီးထား
မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ဝက်ဝံဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ကားနဲ့ ခရီးသည်ယာဉ်တွေကို စစ်ဆေးမေးမြန်းပြီး ကားသမား ၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖြစ်စဉ်ကိုမြင်တွေ့ခဲ့သူ ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီပဲယင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၁)နှစ်အရွယ် G-3 ကျောင်းသူ ၁ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ စုစုပေါင်း ၂၄ ဦးထိရှိလာ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၁) နှစ်အရွယ် G-3တန်း တက်ရောက်နေဆဲဖြစ်တဲ့ ကျောင်းသူ ၁ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၂၄ ဦးအထိ ရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။