နံင်ရေဲန်ဟာဝ်း ဇီုင်းကာန်လံပ်စေတ်မေန်တိုအီး ခေဲင်လှံင်ပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း၊ ဂီုည်ရေဲန် ကနာည်နှာင်းဘယ်ထုက်ဒဲႈ ကဘ္လျကနံဝ်းတို တတိုအီးခေဲင်အရာပ်
နံင်ရေဲန်ဟာဝ်းဖါ်ႈ ဇီုင်းကာန်လံပ်စေတ်မေန်တိုအီး ခေဲင်လှံင်ပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်းကဲနီန် တီုင်စေတ်မေန်တိုအီး – IDTL ကုင်တအာင်းကဲမာ် နံင်ရေဲန်ဟာဝ်း ကနာည်နှာင်းဘယ်ဒေ ထုက်ဒဲႈကဘ္လျကနံဝ်းတို ဆာ်အာဝ်မိုႈ ကဘ္လျအခွါင်းဘိူန်းဂေါည် ကနာည်တိုအီးခေဲင်အရာပ်ကဲအောႏ။
စဉ့်ကူးမြို့နယ်ရှိ ကျေးရွာ ၃ ရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး အဆောက်အဦးတချို့ ပျက်စီး
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ပါတယ်။
လားရှိုးမြို့ရှိ ဖုန်းအပေါင်ဆိုင်မှာ အုပ်စုလိုက် ဓားပြတိုက်မှု ထပ်ဖြစ်၊ ဖုန်း ၅၀ လုံးနဲ့ ရွှေ ၅ ကျပ်သား ပါသွား
စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၇ ရှိ ဖုန်းအပေါင်ဆိုင်တစ်ခုမှာ အုပ်စုလိုက် ဓားပြတိုက်မှု ထပ်ဖြစ်ခဲ့ပြီး ဖုန်း ၅၀ လုံးနဲ့ ရွှေ ၅ ကျပ်သား ပါသွားတယ်လို့ ဓားပြ တိုက်ခံရတဲ့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖားကန့်ဘက် စစ်ကြောင်း ထိုးလာနေတဲ့ ကပ်မှော်စွပ်ရောက် စစ်ကောင်စီတပ်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
ကချင်ပြည်နယ် ဖားကန့်ဘက် စစ်ကြောင်း ထိုးလာနေတဲ့ ကပ်မှော်စွပ်ရောက် စစ်ကောင်စီတပ်ကို မနေ့ မေလ ၁၇ ရက်မှာ ကချင်တပ်မတော်- KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြင်းအား ၅.၂ အဆင့်ရှိ ငလျင် ထပ်လှုပ်တာကြောင့် မန္တလေးက အဆောက်အဦးတချို့ ထပ်မံ ပြိုကျ၊ သစ်ပင်ပိလို့ ၂ ဦး သေဆုံး
မန္တလေးတိုင်း ကျောက်ဆည်မြို့အနောက်ဘက် ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၅.၂ အဆင့်ရှိတဲ့ ငလျင် ထပ်မံ လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းရှိ အဆောက်အဦးတချို့ ထပ်ပြိုခဲ့သလို ကလေးအပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
တအာင်းတပ် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မယ်၊ ဒေသခံတွေအတွက် မှတ်ပုံတင် ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေ
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မှာဖြစ်ပြီး ဒေသခံတွေအတွက် နေထိုင်ခွင့်ကတ်ပြား သို့မဟုတ် ပြည်နယ်သား မှတ်ပုံတင် ထုတ်ပေးနိုင်ဖို့ တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာန- IDTL က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။