ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၃၀၀ ကျော် AA ပြန်လွှတ်ပေး
ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၃၀၀ ကျော်ကို အာရက္ခတပ်တော်- AA က မနေ့ မေလ ၁၈ ရက် နေ့လယ်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ရွာငံမြို့နယ်ရှိ ကျေးရွာတချို့က ဒေသခံတွေကို စစ်ကောင်စီတပ်က ငွေတောင်း၊ ဖမ်းဆီးရိုက်နှက်တာအပြင် ဖုန်းတွေလည်း စစ်ဆေးသိမ်းဆည်းနေ
ရှမ်းတောင် ရွာငံမြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို ငွေတောင်းတာအပြင် စစ်ဆေးဖမ်းဆီးရိုက်နှက်နေသလို ဖုန်းတွေကိုလည်း သိမ်းဆည်နေကြောင်း ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်တော်- DSNDA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံရဲ့ ပြောပြချက်အရ သိရပါတယ်။
တောင်ငူမြို့ရှိ လေတပ်စခန်းကို BWM က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ အရာရှိအပါအဝင် ၁၀ ဦး သေဆုံး ၁၂ ဦး ဒဏ်ရာရ
ပဲခူးတိုင်း တောင်ငူမြို့ရှိ စစ်တပ်ရဲ့ ကေတုမတီ လေတပ်စခန်းကို Brave Warriors for Myanmar- BWM အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံးဟာ လေတပ်အတွင်း ကျရောက်ပေါက်ကွဲပြီး အရာရှိအပါအဝင် စစ်သား ၁၀ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။