ကိုးကန့်တပ်က မိုင်းဝီးဒေသခံအမျိုးသား ၂ ဦးကို ဓားပြလို့စွပ်စွဲဖမ်းဆီးထားပြီး သေဒဏ်ပေးဖို့အထိ ပြင်ဆင်နေတယ်လို့ ဒေသခံတွေပြော
တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ ပန်ဟန်ကြီးကျေးရွာအုပ်စုထဲက ဟိုတီးကျေးရွာနဲ့ စယ်နေကျေးရွာက ဒေသခံအမျိုးသား ၂ ဦးကို ကိုးကန့်တပ်မတော်-MNDAA က ဓားပြတိုက်လို့ စွပ်စွဲဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။