နေပြည်တော်နဲ့မန္တလေးမှာ လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကို နေအိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးနေ၊ ရဲမှူးအဆင့်ထိ ဖမ်းဆီးခံနေရ
စစ်ကောင်စီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ နေပြည်တော်နဲ့ မန္တလေးမြို့မှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို နေအိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးမှု ရှိနေတယ်လို့ ဒေသခံနဲ့ ရဲနဲ့နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။