တအာင်းတော်လှန်ရေးခေါင်းဆောင်တစ်ဦး ထွန်းကားပေးခဲ့တဲ့ ယာမာခံမ်ပါန်း ကွယ်လွန်သွားခြင်းအပေါ် ညီနောင်မဟာမိတ်တပ် ၂ ဖွဲ့က သဝဏ်လွှာပေးပို့
တအာင်းတပ်မတော် – PSLF/TNLA ရဲ့ ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းရဲ့ မိခင် ယာမာခံမ်ပါန်း (ယာခင်စိန်) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
စဉ့်ကူးက ညောင်ဝန်းကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လားရှိုးမှာ မဲစာရင်းလာကြည့် သူနည်းပါးလို့ နေအိမ်အထိ မဲစာရင်းလိုက်ပြ၊ မူဆယ်မှာလည်း လူဦးရေစာရင်းလာပေးဖို့ ဖိအားပေး
ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် လူထုအများစုက စိတ်မဝင်စားတာကြောင့် စစ်ကောင်စီရဲ့ ရဲနဲ့ ထွေအုပ်တို့ ပေါင်းပြီး နေအိမ်အထိ မဲစာရင်းလာပြနေရတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ရေးအရှိန်မြှင့်ဖို့ ပခုက္ကူမှာ အခြေစိုက်တဲ့ Local PDF ၂ ဖွဲ့က အညာမြေတပ်ပေါင်းစုထံ လာရောက်ပူးပေါင်း
မကွေးတိုင်း မြိုင်၊ ပေါက်၊ ပခုက္ကူနဲ့ ဆိပ်ဖြူ စတဲ့မြို့နယ်တွေမှာ စစ်ရေးအရှိန်မြှင့်ဖို့ ပခုက္ကူမှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ (Local PDF) ၂ ဖွဲ့က အညာမြေတပ်ပေါင်းစုတို့နဲ့ ပူးပေါင်းလိုက်ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
စံပါယ်နံ့သာဂိတ်မှာ စစ်ကောင်စီတပ်က တန့်ဆည်က ဒေသခံ ၁၁ ဦးကို ဖမ်းဆီးသွားပြီး ၄ ဦးကို သတ်ဖြတ်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် စံပါယ်နံ့သာက စစ်ကောင်စီတပ်ရဲ့ အထိုင်ဂိတ်မှာ တန့်ဆည်မြို့နယ်က ဒေသခံ ၁၁ ဦးကို ဖမ်းဆီးသွားပြီး ၄ ဦးကို သတ်ဖြတ်လိုက်တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဂေါႇမိုႈ ကဲအာဝ်ဒဲႈ ကား အီတာင်ကုန်ကဲနီန် ခ္လေါႈဟာဝ်းႎီရ် ကား 50 ကြောင်နီန် အာဝ်ဘိူန်းစိခ္လေါႈဟာဝ်း
ကဝ်အီနံပ်ဘည်မိုႈဘည်ဘာည်းနီန်အူအီး က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ ဒီဘိူန်း တံပ်ကညာဏာဆီုက်ဇေဝ်ကဲတ ထိင်ခြဲ ပဂေတ်ဒီလီပ်လေႈခေဲင်ကီုင်းမိူင်ယယ်နီန်အူဒီ ဂေါႇမိုႈတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ အာဝ်ဒဲႈကဲခ္လေါႈနီန် ကား 50 ကြောင်အာဝ်ဘိူန်းစိ ခ္လေါႈဟာဝ်းႎီရ်အောႏ။
ဝက်လက်က နတ်မှော်ဦးရွာမှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ ၂ နှစ်အရွယ်ကလေးအပါအဝင် ဒေသခံ ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် နတ်မှော်ဦးကျေးရွာမှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။