ဆင်ဖြူဂိတ်မှာ ဖမ်းမိတဲ့ ကျောက်စိမ်း ကီလို ၃၀၀ ကို ရဲနဲ့ ဌာနဆိုင်ရာက နိုင်ငံတော်ထံ ကီလို ၅၀ သာအပ်ပြီး ကျန် ကီလို ၂၅၀ ကို ခွဲဝေယူ
တရုတ်-မြန်မာနယ်စပ် နှစ်နိုင်ငံဝင်ထွက်ပေါက်ဖြစ်တဲ့ ဆင်ဖြူဂိတ်မှာ တရုတ်ဖက်ဝင်မယ့် အိမ်စီးကားတစ်စီးကို မကဖ (၅)၊ CUSTOM၊ SB၊ CID နဲ့ နယ်ရဲ စတဲ့အဖွဲ့စုံက သတင်းအရ ရှာဖွေစစ်ဆေးခဲ့ရာ ၃၀၀ ကီလိုရှိတဲ့ ကျောက်စိမ်းတွေကို ဖမ်းမိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။
ယင်းမာပင်နယ် ကျေးစာကျရွာက ဒေသခံ ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ဖမ်းဆီး
ဝမ်ပေါင်ကြေးနီစီမံကိန်းနယ်မြေအနီးမှာရှိတဲ့ ကျေးစာကျကျေးရွာက လူပေါင်း ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်ကောင်စီက ဒီနေ့ ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းပတ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကား ၁၀ စီးနဲ့ ယာဉ်မောင်း ၁၀ ဦးကို ဖမ်းဆီး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်နဲ့ လားရှိုးမြို့နယ်ကြားက မိုင်းပတ်စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ် ၁၀ စီးနဲ့ ယာဉ်မောင်း ၁၀ ဦးကို စစ်ကောင်စီတပ်က ၂၄ နာရီကြာ ဖမ်းဆီးခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကားသမားရဲ့ ပြောပြချက်အရ သိရပါတယ်။