ထီးလင်းမြို့မရဲစခန်းက အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်စစ်ဆေးမှုကြောင့် ရဲတပ်ကြပ် ၂ဦးဖြစ်တဲ့ မြင့်အောင်နဲ့ကျော်ဆန်းထွေးတို့ သေဆုံး
မကွေးတိုင်း၊ ယောနယ်၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ အချုပ်ကျတဲ့ အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ရိုက်နှက်စစ်ဆေးမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး အများပြား ရိုက်နှက်စစ်ဆေးခံရတယ်လို့ စစ်ရေးနဲ့နီးစပ်သူဒေသခံတွေဆီက သိရပါတယ်။
လားရှိုးမှာ စျေးကနေ ပြန်လာတဲ့ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်စုက သေနတ်ထောက် ဓားပြတိုက်၊ ဆိုင်ကယ်အပြင် ဖုန်းနဲ့လက်ဝတ်ရတနာတွေ ပါသွား
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စျေးကနေ ပြန်လာတဲ့ အမျိုးသမီးကို အမျိုးသားတစ်စုက သေနတ်ထောက် ဓားပြတိုက်သွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်း ကနေ ဗုံးကြဲလို့ လူထိခိုက်မှုရှိပြီး နေအိမ်လည်း ပျက်စီးမှုရှိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာအုပ်စု၊ လုမြန်ရွာဘက်မှာ လတ်တလော စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားနေပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာ ရှိသလို လေကြောင်းကနေ ဗုံးကြဲလို့ လူ ထိခိုက်ပြီး နေအိမ်လည်း ပျက်စီးမှုတွေရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကန့်ဒေါင့်တိုက်ပွဲအတွင်းမှာ အသက် ၁၅ နှစ်ကလေးအပါအဝင် စစ်သုံ့ပန်း ၄ ဦးကို PLA ဖမ်းမိ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးပြီး အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၄ ဦးကို အရှင်ဖမ်းမိထားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က မနေ့ ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီထံ ပြန်ပေးမယ်လို့ သတင်းထွက်နေတဲ့ သိန္နီမြို့မှာ တာဝန်ထမ်းဆောင်မယ့် ကိုးကန့်တပ် အရာရှိအသစ်တွေကို ကြိုဆိုတဲ့အခမ်းအနား ပြုလုပ်
စစ်ကောင်စီထံ ပြန်ပေးမယ်လို့ သတင်းထွက်နေတဲ့ ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့မှာ တာဝန်ထမ်းဆောင်မယ့် အရာရှိအသစ်တွေကို ကြိုဆိုတဲ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်က ဒီနေ့ ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။