နောင်ချိုအနီးမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကွင်းလမ်းတချို့ ပိတ်ထား၊ ခရီးသွားယာဉ်နဲ့ ကုန်တင်ယာဉ်တချို့ သောင်တင်နေ
နောင်ချိုမြို့အနီးဝန်းကျင်အထိ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေသလို လေကြောင်းနဲ့ပါ တိုက်ခိုက်နေတာကြောင့် မန္တလေး-လားရှိုး အတက်ကားတွေ ပြင်ဦးလွင်မြို့မှာ သောင်တင်နေကြောင်း ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။