ဖားဆောင်းမြို့နယ် မော်ချီးဒေသက ခဲကျင်းကို စစ်ကောင်စီမှ ပေါင် ၂၀၀ လာကြဲတိုက်ခိုက်လို့ လူ ၇ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီမှ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူ ၇ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို FPNCC အဖွဲ့ဝင်ဖြစ်တဲ့ UWSA, SSPP, NDAA တို့ တက်ရောက်

နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်မဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဦးဆောင်ကျင်းပတဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ UWSA, SSPP, NDAA တို့က တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းဌာနတွေမှာ ရေးသားထားပါတယ်။

နောင်ချို တိုက်ပွဲမှာ စစ်ကောင်စီတပ် တစ်ရက်အတွင်း ဗုံး ၁၉၀ လုံး ကြဲချတိုက်ခိုက်

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က တစ်ရက်အတွင်း ဗုံး ၁၉၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ထားပါတယ်။

Kyaukme Airstrike: Death Toll Rises to 4, 14 Injured

The junta’s airstrike into a crowded area in Kyaukme Town, northern Shan State, on Tuesday killed at least 4 people, including a mother and her son, and injured 14 others, including displaced people from Nawnghkio, according to residents.

လံပ်တီုက်နာန်း 1027 ကရောပ်နိုက်လ 1ဆန်ုမ် (ဆာ်အာဝ်မိုႈ) ပ္လေါည်ကတီုက်ကပဴင် အီနံင်ပ္လဒဲႈ ကီုင်းနော်င်ခေဝ်

လံပ်တီုက်နာန်း 1027 ဒေါန်အာရ် အ်ုန်အီဘယ်ဒေတီုက်ဘိူန်း တောပ်ပည်ကီုင်းလာဆေဝ်၊ ကီုင်းနော်င်ခေဝ်၊ မာဝ်းႎံင်း၊ ဆဘော၊ မိူင်မီတ်ကာည်း ကပီုန်ဒါင်းမာန်းတလေး ကီုင်းမိုဂူႈ ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီဂေါည် ပတီုင်ကပ္လိူင်ဆီုက်ကဒါႇလေႈဆာင်ငည်း ကဒါႇက်ြုမ် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲနီန် ဟည်နိုက်ဒေဲႈ 1ဆန်ုမ်လလ အဒိူဝ် ကျံရ်ဇူန် ဆငည်း 25နီန်ယာ့်အောႏ။

ကျောက်မဲမြို့ပေါ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ နာရေးမြင်ကွင်း

မနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူနေထူထပ်တဲ့ ကျောက်မဲမြို့ပေါ် ရပ်ကွက်-၇ နဲ့ ရပ်ကွက်- ၃ ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပါတယ်။

မုံးကိုးမှာ အမျိုးသမီး ၂ ဦးကို နေအိမ်မှာ သတ်ဖြတ်ထားခဲ့တဲ့ တရားခံ ထွက်ပြေးလွတ်မြောက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA တပ်ဖွဲ့ ထိန်းချုပ်ရာ မုံးကိုးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ညပိုင်းကနေအိမ်တစ်ခုက အမျိုးသမီး ၂ဦးကို သတ်ဖြတ်ခဲ့ပြီး တရားခံ ထွက်ပြေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရှမ်းတောင်မှာ လကွယ်နေ့တစ်ရက်တည်း ယာဉ်တိုက်မှု ၃ ခုဖြစ်၊ ခိုးပြေးလာတဲ့ ဇနီးမောင်နှံ ၂ ဦးထဲမှာ တစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်တောင်ပိုင်းမှာ မနေ့ ဇွန် ၂၄ နယုန်လကွယ်နေ့ တစ်ရက်တာအတွင်း ယာဉ်မတော်တဆမှု ၃ ခုအထိ ဖြစ်ပွားခဲ့တယ်လို့ နာရေးကူညီမှုအသင်း တာဝန်ရှိသူတွေ ပြောပါတယ်။

မိုင်းကြောင့် လက်တစ်ဖက် ဆုံးရှုံးခဲ့သူ

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ဖြူရောင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် မိုင်းမင်းရဲနော်ဟာ ခြံဝင်းရှင်းရင်း စစ်ကောင်စီတပ် ထောင်ထားတဲ့ ရှော့တိုက်မိုင်း ဆွဲမိပြီး လက်တစ်ဖက် ပြတ်ထွက်သွားခဲ့ပါတယ်။

နောင်ချိုအနီးမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကွင်းလမ်းတချို့ ပိတ်ထား၊ ခရီးသွားယာဉ်နဲ့ ကုန်တင်ယာဉ်တချို့ သောင်တင်နေ

နောင်ချိုမြို့အနီးဝန်းကျင်အထိ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေသလို လေကြောင်းနဲ့ပါ တိုက်ခိုက်နေတာကြောင့် မန္တလေး-လားရှိုး အတက်ကားတွေ ပြင်ဦးလွင်မြို့မှာ သောင်တင်နေကြောင်း ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။