မိုးကုတ်မြို့မှာ ဓားပြအဖွဲ့နဲ့ တအာင်းရဲတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ဓားပြ ၁ ဦး သေဆုံး ၃ ဦး ဖမ်းမိ၊ တအာင်းရဲတပ်ဖွဲ့ဘက်က ၁ ဦး ကျဆုံး
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ TNLAရဲ့ ရဲတပ်ဖွဲ့က ဓားပြတိုက်သူတွေကို လိုက်လံဖမ်းဆီးနေချိန် အဲဒီဓားပြအဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
TNLA နဲ့ SSPP ကြားက ပြဿနာတွေကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့ TNLA ပြော
တအာင်းတပ်မတော် (TNLA) နဲ့ ရှမ်းပြည်တိုးတတ်ရေးပါတီ(SSPP)တပ်တို့ အကြားဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို မဟာမိတ်အချင်းချင်းကြား တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ဖြေရှင်းသွားမယ်လို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ PNOတပ်ဖွဲ့တွေက ဖယ်ခုံအရှေ့ဘက်ခြမ်း ဆောင်နန်းခဲကျေးရွာရှိ နေအိမ်ပေါင်း တစ်၀က်ကျော်ကို မီးရှို့ဖျက်ဆီး
ရှမ်းတောင် ဖယ်ခုံအရှေ့ဘက်ခြမ်း ဆောင်နန်းခဲကျေးရွာက နေအိမ်ပေါင်းတစ်၀က်ကျော်ကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်-PNOတပ်ဖွဲ့တို့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ် နောင်ချိုမြို့ပေါ် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်လို့ နေအိမ်တချို့ ထိခိုက်ပျက်စီး
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်းပေါ်က စစ်ကောင်စီစခန်း ၉ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်
ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်း ၉ ခုကို နယ်မြေ (၂) ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မူဆယ်မြို့ရှိ လောင်းကစားဝိုင်းမှာ ခိုးဖို့ ကြိုးစားတဲ့ အမျိုးသားတစ်ဦး လိုက်လံ ပစ်ခတ်ခံရပြီး သေဆုံး
ဒုစရိုက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ ရှမ်းမြောက် မူဆယ်မြို့ပေါ်က လောင်းကစားဝိုင်းတစ်ခုမှာ ခိုးဖို့ကြိုးစားတဲ့ အမျိုးသားတစ်ဦးကို ပြည်သူ့စစ်အဖွဲ့ရဲ့ လိုက်လံပစ်ခတ်တာ ခံရပြီး သေဆုံးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။