ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြီး စစ်သုံ့ပန်း ၄ ဦးအရှင်ဖမ်းမိ
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တန်း တိုက်ခိုက်ခံရခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများကာ စစ်သုံ့ပန်း ၄ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ Zreo ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ရွှေဖီမြေကို ပြောပါတယ်။
နောင်ချိုတိုက်ပွဲကြောင့် နောင်ပိန်မှာ လာခိုလှုံတဲ့ စစ်ဘေးရှောင် ၁၈၀၀ နီးပါး စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေ
တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့မှာ တအာင်းတပ်မတော်-TNLAနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှာ လာခိုလှုံတဲ့ စစ်ဘေးရှောင် လူဦးရေ ၁၇၆၀ ဦးအထိရှိလာခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီက သိရှိရပါတယ်။
လားရှိုးမြို့ ခလရ ၄၁ ဂိတ်မှာ စစ်တပ်က လက်နက်ကြီး ၈ ခုထက်မနည်း တပ်ဆင်ထားပြီဖြစ်၊ မြို့တွင်း အင်အား ထောင်နဲ့ချီလည်း စုစည်းထားပြီဖြစ်
ရှမ်းမြောက် လားရှိုးမြို့-သီပေါအထွက် ရန်တိုင်းအောင်ဘုရားအနီးရှိ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ ၄၁) ဂိတ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ၈ ခုထက်မနည်း တပ်ဆင်ထားတာ တွေ့ရှိရတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး၊ ၁၇ ဦးထက်မနည်း ဒဏ်ရာရ
မန္တလေးတိုင်း မတ္တရာမြို့နယ် ဝေါရွာစစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအပါ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။